နတ်မောက် စက်တင်ဘာ ၄
နတ်မောက်မြို့နယ် ကျေးရွာများရှိ ဝင်ငွေနည်း အိမ်ထောင်စုများအား KBZ BANK နှင့် ရှမ်းပြည်နယ် ပြည်သူလူထု စားနပ်ရိက္ခာ ထောက်ပံ့ရေး ကော်မတီမှ ဆန်၊ ဆီ၊ ဆား၊ ကုလားပဲနှင့် ငွေသားတစ်သောင်းကျပ်ကို သွားရောက် ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်းသိရသည်။
အဆိုပါ လှူဒါန်းမှုတွင် KBZ BANK နှင့်ရှမ်းပြည်နယ်ပြည်သူလူထု စားနပ်ရိက္ခာထောက်ပံ့ရေး ကော်မတီ၏ ကိုယ်စား နတ်မောက်ကွန်ရက်ပရဟိတ လူမှုအကျိုးပြုအသင်းက သွားရောက်၍ အိမ်ထောင်စုတစ်စုလျှင် ဆန်(၃)ပြည်၊ ဆီ(၁)ဗူး၊ ဆား(၁)ထုပ်၊ ကုလားပဲ(၄)ဗူးနှင့် ငွေသားတစ်သောင်းကျပ်ကို အိမ်ထောင်စု (၅၀)စုအတွက် ထောက်ပံ့ လှူဒါန်း ပေးခဲ့ ကြောင်းသိရှိရသည်။
လှဝင်း(နတ်မောက်)