မြောက်ဥက္ကလာပမြို့နယ် မီးသတ်ဦးစီးမှူးရုံးမှ တိုင်းဒေသကြီးဘတ်ဂျတ်ဖြင့် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစီမံကိန်းနှင့် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေ

မြောက်ဥက္ကလာပ စက်တင်ဘာ ၄

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် မီးသတ်ဦးစီးမှူးရုံးမှ တိုင်းဒေသကြီးဘတ်ဂျတ်ဖြင့် (၃)ထပ်ဝန်ထမ်း နေအိမ် (၁)လုံးဆောက်လုပ်ခြင်း၊ (၂)ထပ် မီးသတ် စခန်းများ ဆောက်လုပ်ခြင်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြောက်ဥက္ကလာပမြို့နယ် (ဃ)ရပ်ကွက်၊ သုဓမ္မာလမ်းရှိ မီးသတ်စခန်း၌ (၆)ခန်းတွဲ(၃)ထပ် ဝန်ထမ်း နေအိမ်(၁)လုံးကို မတ်လ ၁၅ ရက်နေ့တွင် Royal Kite Co;Ltdမှ  စတင် ဆောက်လုပ်ခဲ့ပြီး ပြီးစီးမှုရာခိုင်နှုန်းမှာ (၅၀) ရာခိုင်နှုန်း ဖြစ်ကြောင်း၊ ဝေဘာဂီမြို့သစ် (၇)ရပ်ကွက် ရတနာလမ်း ဝေဘာဂီနယ်မြေမီးသတ်စခန်းတွင် (၂)ထပ်မီးသတ်စခန်းကို မတ်လ ၁၂ ရက်နေ့တွင် Lynn Htut Hlyan Co;Ltdမှ  စတင်ဆောက်လုပ်ခဲ့ပြီး ပြီးစီးမှု ရာခိုင်နှုန်းမှာ (၉၅) ရာခိုင်နှုန်းဖြစ် ကြောင်း၊ (၂၁)ရပ်ကွက်၊ ပုဂံလမ်းမကြီးရှိ ရွှေပေါက်ကံ နယ်မြေမီးသတ်စခန်းတွင် (၂)ထပ် မီးသတ် စခန်းဆောက်လုပ်ခြင်းကို Success Day Co;Ltdမှ  မတ်လ ၁၁ ရက်နေ့တွင် စတင်ဆောက်လုပ်ခဲ့ပြီး ပြီးစီးမှုရာခိုင်နှုန်းမှာ (၆၂) ရာခိုင်နှုန်း ပြီးစီးသွားပြီဖြစ်ကြောင်း မြို့နယ်မီးသတ်ဦစီးမှူး ဦးပြည့်စုံထံမှ  သိရသည်။

အဆိုပါ လုပ်ငန်းစီမံကိန်း ဆောင်ရွက်နေမှုကို ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမျိုးဝင်း၊ ခရိုင် မီးသတ်ဦးစီးမှူး၊ မြို့နယ်မီးသတ်ဦးစီးမှူး ကြီးကြပ်မှုဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြမြဝင်း (ပြန်/ဆက်)