ကန်ပက်လက် စက်တင်ဘာ ၄
ကန်ပက်လက်မြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ပုံမှန်ထောက်ပံ့ပေးလျက်ရှိသော ကိုယ်ဝန်ဆောင် မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးများအား ထောက်ပံ့ငွေပေးအပ်ခြင်း ကို ယနေ့နံနက် (၉)နာရီတွင် ဆောင်ရွက်ခဲ့ကြသည်။
ယင်းပုံမှန်ထောက်ပံ့ငွေများသည် တစ်လလျှင် ကျပ်တစ်သောင်းငါးထောင်နှုန်းဖြင့် ဧပြီ၊ မေ၊ ဇွန်၊ ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ (ခြောက်လ)စာတစ်ဦးလျှင် ကျပ်ကိုးသောင်း တိတိကို ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း သိရသည်။
လှသန်းရီ