ရိခေါ်ဒါရ် စက်တင်ဘာ ၅
ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့၌ COVID-19 ရောဂါကြိုတင်ကာကွယ်တားဆီးရေးအတွက် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ်တစ်လျှောက် လုံခြုံရေးစောင့်ကြည့်ခြင်းနှင့် ရက်ကွက် အတွင်း အပြင်ထွက် သွားလာသူများ ပါးစပ်နှင့် နှာခေါင်းစည်းတပ်ဆင်ထားခြင်းရှိ/မရှိ စစ်ဆေးခြင်းကို ရိခေါ်ဒါရ်မြို့ နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များမှ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရိခေါ်ဒါရ်မြို့ နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်အောင်ဆန်းလင်း ဦးဆောင်မှုဖြင့် ရဲတပ်ဖွဲ့ ဝင်များသည် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်မှတစ်ဆင့် ပြည်ပနိုင်ငံမှ တရားမဝင် ဝင်ရောက်မှု မရှိစေရေးအတွက် ရိခေါ်ဒါရ်မြို့ဒေသအတွင်းရှိ နှစ်နိုင်ငံနယ်စပ်နယ်နိမိတ် တစ်လျှောက်၌ နေ့ညမပျက် လှည့်ကင်း၊ ဝပ်ကင်းများဖြင့် လုံခြုံရေး စောင့်ကြည့် စစ်ဆေးခြင်း၊ ရပ်ကွက်/ ကျေးရွာ အတွင်း အပြင်ထွက်သွားလာသူပြည်သူများအား ပါးစပ်နှင့် နှာခေါင်းစည်းများ မဖြစ်မနေ တပ်ဆင်ရေးခြင်း ရှိ/မရှိ စစ်ဆေးခြင်းကို နေ့စဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရိခေါ်ဒါရ်မြို့သည် ချင်းပြည်နယ်မြောက်ပိုင်းရှိ မြန်မာ-အိန္ဒိယနှစ်နိုင်ငံနယ်စပ် တရားဝင်ထွက်ပေါက်ရှိသည့် မြို့တစ်ခု ဖြစ်သည်နှင့်အညီ နယ်စပ်နိမိတ်မှတစ်ဆင့် ပြည်ပနိုင်ငံများမှ တရားမဝင် ဝင်ထွက်သွားလာမှု မရှိစေရေးအတွက် မြို့ကိုဗစ်-၁၉ ရောဂါကာကွယ်၊ တားဆီး၊ ထိန်းချုပ်ရေးကော်မတီနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး နေ့ညမပျက် စောင့်ကြည့် စစ်ဆေးနေကြောင်း၊ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးရေး ဆိုင်ရာ အသိပညာပေးခြင်းကို ရပ်ကွက် အတွင်း အခါအားလျော်စွာ အသိပညာပေးလှည့်လည် ဆော်သြလျက်ရှိကြောင်း သိရသည်။
လာလ်ပက်လောမ် (ပက်ကာ)