ရိခေါ်ဒါရ် စက်တင်ဘာ ၅
အိန္ဒိယနိုင်ငံမှ နေရပ်ပြန်လာသူ မြန်မာနိုင်ငံသား တစ်ဦးသည် ရိခေါ်ဒါရ်မြို့ရှိ မြန်မာ-အိန္ဒိယနှစ်နိုင်ငံနယ်စပ်မှတစ်ဆင့် စက်တင်ဘာ ၄ ရက်က ရိခေါ်ဒါရ်မြို့သို့ရောက်ရှိလာပြီး အသွားအလာကန့်သတ်စောင့်ကြည့်ရန် ရိခေါ်ဒါရ်မြို့ တိုက်နယ်ဆေးရုံရှိ Facility Quarantine နေရာသို့ စောင့်ကြည့်ထားရှိခဲ့ကြောင်း သိရသည်။
အဆိုပါ အိန္ဒိယနိုင်ငံမှ နေရပ်ပြန်လာသူသည် ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့၊ အမှတ် (၁)ရပ်ကွက်၌ နေထိုင်သူဖြစ်ပြီး အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့သို့ အလည်အပတ်ဖြင့် သွားရောက်ရာမှ နေရပ်ပြန်လာခြင်းဖြစ်ကြောင်း၊ အဆိုပါ နေရပ်ပြန်လာသူအား ရိခေါ်ဒါရ်မြို့ ပြည်ပမှပြန်လာသူများ ကြိုဆိုလက်ခံရေးစခန်း၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ကျန်းမာရေးဌာန၊ လဝကဌာန၊ မီးသတ်ဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့များဖြင့် စစ်ဆေးလက်ခံခဲ့ခြင်းဖြစ်ပြီး၊ ၎င်း၏ ကျန်းမာရေးအခြေအနေကို စစ်ဆေးဆောင်ရွက်ခဲ့ရာ လက်ရှိအခြေအနေအထိ ကျန်းမာရေး အခြေအနေကောင်းမွန် လျက်ရှိကြောင်း သိရသည်။
ရိခေါ်ဒါရ် ပြန်/ဆက်