ပန်ဆိုင်း(ကြူကုတ်)မြို့၌ ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပ

ပန်ဆိုင်း             စက်တင်ဘာလ    ၅

မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့၌ ကူးစက်မှုမြန်ဆန်သည့် ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်(၉)နာရီအချိန်က ပန်ဆိုင်း(ကြူကုတ်)မြို့၊ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌  ပြုလုပ် ကျင်းပသည်။

အဆိုပါအစည်းအဝေးတွင် ပန်ဆိုင်း(ကြူကုတ်)မြို့၊ မြို့အုပ်ချုပ်ရေးမှူးဦးမင်းဇာနည်က “ပန်ဆိုင်း (ကြူကုတ်)မြို့အတွင်း ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်ရေး၊ ပြည်သူလူထုများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနာရေးအတွက် အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းကို စနစ်တကျတပ်ဆင်နိုင်ရေး၊ မြို့ပေါ် ဈေးရောင်း/ဈေးဝယ်သူများ အနေဖြင့် ကျန်းမာရေး ဦးစီးဌာနမှ ထုတ်ပြန်သည့် စည်းကမ်းချက်များနှင့်ရောင်းချရေးတို့ကို ကြပ်မတ်ဆောင်ရွက်သွားရန်၊ ပြည်ပဘက်မှ နေရပ်ပြန်ပြည်သူများရှိပါက ရပ်ကွက် အုပ်ချုပ်ရေးမှူးများအနေဖြင့် အချိန်နှင့်တစ်ပြေးညီ သတင်းပေး အကြောင်းကြားပူးပေါင်း ဆောင်ရွက်ပေးကြရန်၊ ဌာနဆိုင်ရာများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် ပရဟိတများအဖွဲ့များ ဝိုင်းဝန်းပူးပေါင်းပြီး ကြိုတင်ကာကယ်ရေး လုပ်ငန်းများ အရှိန်အဟုန် မြှင့်ဆက်လက် ဆောင်ရွက်သွားမည့် ကိစ္စရပ်များကို” ရှင်းလင်းဆွေးနွေးပြောကြားသည်။

ဆက်လက်ပြီး တက်ရောက်လာကြသည့် မြို့နယ်ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်များက ကိုဗစ်-၁၉ ရောဂါကူးစက်ခြင်းမှ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများနှင့် ပတ်သက်ပြီး စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

သန်းမိုးခိုင် (ပြန်/ဆက်)