အလုံမြို့နယ်ပြည်သူ့စာကြည့်တိုက် Facebook Page ၏ ဉာဏ်စမ်းပဟေဠိအစီအစဉ်အတွက် ဆုလက်ဆောင်ပစ္စည်းများ လာရောက်လှူဒါန်း

အလုံ  စက်တင်ဘာ   ၅

အလုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အများပြည်သူများ အသိပညာ ဗဟုသုတရရှိစေရန်အတွက် ပြည်သူ့စာကြည့်တိုက်လုပ်ငန်းဖြင့်  စာအုပ်များ အခမဲ့ဖတ်ရှု ငှားရမ်းပေးခြင်း၊ အထိမ်းအမှတ်နေ့များတွင် ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပခြင်း၊ ပညာဒါန သင်တန်းများ ဖွင့်လှစ်ပေးခြင်းတို့ကိုဆောင်ရွက်ပေးလျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသည့် ကာလအတွင်း ပြည်သူများ မိမိအိမ်မှပင် အသိပညာဗဟုသုတရရှိစေသည့် “အွန်လိုင်း အသိပညာပေးအစီအစဉ်” များကို အလုံမြို့နယ် ပြည်သူ့ စာကြည့်တိုက် Facebook Page မှ တင်ဆက်ပေးလျက်ရှိသည်။

အဆိုပါအစီအစဉ်များမှ အပတ်စဉ် အင်္ဂါနေ့တိုင်း တင်ဆက်ပေးလျက်ရှိသည့် “ဉာဏ်စမ်းပဟေဠိ အဖြေညှိ” အစီအစဉ်တွင် အဖြေမှန်သူများအား အမှတ်တရလက်ဆောင်များ ပေးအပ်လျက်ရှိရာ ပြည်သူများ ဗဟုသုတရရှိစေသည့် ထိုအစီအစဉ်အတွက် အမှတ်တရ လက်ဆောင်များ ပေးအပ်နိုင် ရန် အတွက် “Biogesic’’ ဆေးကုမ္ပဏီမှ ယနေ့ နံနက်ပိုင်းက  အလုံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်သို့ လာရောက် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

တင်တင်ချို (ပြန်/ဆက်)