လသာမြို့နယ်တွင်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် အသိပညာပေးခြင်းနှင့် Mask Campaign ပြုလုပ်

လသာ စက်တင်ဘာ  ၅

ရန်ကုန်အနောက်ပိုင်းခရိုင်၊ လသာမြို့နယ်အတွင်းရှိ ပြည်သူများမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် မြို့နယ်အတွင်းရှိ လူစည်ကားရာ နေရာများဖြစ်သည့် ဈေးနှင့် ဘတ်စ်ကားမှတ်တိုင်များတွင် Mask တပ်ဆင် သွားလာစေရန် အသိပညာပေးခြင်းနှင့် Mask campaign  ပြုလုပ်ခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က ဆောင်ရွက် ခဲ့ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကြက်ခြေနီသူနာပြု တပ်ဖွဲ့မှ မြို့နယ်တပ်ဖွဲ့မှူး ဦးဝဏ္ဏရှိန်၊ ဒုတိယမြို့နယ်တပ်ဖွဲ့မှူး ဦးပြည်စိုးနှင့် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များက နှာခေါင်းစည်း မတပ်ဆင်သူများအား အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း လိုအပ်သူများအား နှာခေါင်းစည်းများ ဝေငှပေးခြင်း၊   အပြင်ထွက်သည့်အခါ စျေးရောင်း စျေးဝယ်ပြုလုပ်သည့်အခါတိုင်း နှာခေါင်း စည်း တပ်ဆင်ကြရန်၊ လူစုလူဝေးနေရာများကို မလိုအပ်ဘဲ သွားလာခြင်းမပြုရန် စသည်တို့ကိုလည်း Hand Speaker များနှင့်  ပြည်သူများ သိရှိနိုင်စေရန်အတွက် ကြေညာပေးခြင်းများ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

မေသူ(ပြန်/ဆက်)