မန္တလေး စက်တင်ဘာ ၅
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ကြီးမှူးကာ ဖွင့်လှစ်မည့် ရပ်ကျေးကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ သင်တန်းတွင် ဧည့်ခံကျွေးမွေး ရေးအတွက် အလှူငွေထောက်ပံ့လှူဒါန်းခြင်းကို ယမန်နေ့နံနက် (၁၁)နာရီက မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတွင် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
မဟာအောင်မြေမြို့နယ်တွင် ရပ်ကျေး ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ သင်တန်းကို စက်တင်ဘာလ (၈)ရက်နေ့တွင် ဖွင့်လှစ်သွားမည် ဖြစ်ကာ ဧည့်ခံကျွေးမွေးရေးအတွက် ဦးဝင်းဖေမြင့်+ ဒေါ်မြမြသန်း မိသားစုက အလှူငွေပေးအပ်လှူဒါန်းခဲ့ခြင်းဖြစ်ကာ မြို့နယ်ကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင်များက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။
ထွန်းထွန်းနိုင်