ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ် တရားလွှတ်တော်များ၏ (၁၉) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ထပ်ဆင့်ရှင်းလင်းပွဲကျင်းပ

မြစ်ကြီးနား   စက်တင်ဘာ   ၅

ကချင်ပြည်နယ်၊ ပြည်နယ်တရားလွှတ်တော်ရုံးတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး /ပြည်နယ် တရား လွှတ်တော်များ၏ (၁၉)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှ လမ်းညွှန်မှာကြားချက်များ ထပ်ဆင့်ရှင်းလင်းပွဲကို ယမန်နေ့ နံနက်(၈)နာရီခွဲတွင် မြစ်ကြီးနားမြို့၊ ဧရာရပ်ကွက်ရှိ ကချင်ပြည်နယ်တရားလွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ ထပ်ဆင့်ရှင်းလင်းပွဲတွင် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာက ပြည်ထောင်စုတရား လွှတ်တော် ချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်တရားလွှတ်တော်များ၏ (၁၉) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှ ပြည်ထောင်စု တရားသူကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များကို ထပ်ဆင့်ရှင်းလင်း ပြောကြားခဲ့ပြီး ပြည်နယ်တရားလွှတ်တော်တရားသူကြီး ဒေါ်ပြုံးပြုံးအေးနှင့် ပြည်နယ်တရားလွှတ်တော် တရားသူကြီး ဦးတူးမော်တို့မှ တရားစီရင်ရေးဆိုင်ရာ လမ်းညွှန်ချက်များအား လည်းကောင်း၊ ပြည်နယ်တရား ရေးဦးစီးမှူး ဦးမြင့်စိုးက တရားစီရင်ရေးလုပ်ငန်းများနှင့် စီမံထောက်ပံ့ငွေ စာရင်းဆိုင်ရာ ကိစ္စရပ်များကို ပရိုဂျက်တာဖြင့် ရှင်းလင်း ပြသခဲ့ကြသည်။

ထို့နောက် တက်ရောက်လာကြသည် ခရိုင်နှင့်မြို့နယ် တရားသူကြီးများက တရားစီရင်ရေး အခြေအနေ နှင့် သက်ဆိုင်ရာအလိုက် လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေတို့ကို  အသီးသီးရှင်းလင်း တင်ပြကြရာ ပြည်နယ် တရားလွှတ်တော် တရားသူကြီး ချုပ်က ခရိုင်၊ မြို့နယ်များမှ တင်ပြလာမှုအပေါ် လိုအပ်သည်များကို ပြန်လည်ဖြည့်စွက် ရှင်းလင်းမှာကြားခဲ့ကြောင်း သိရသည်။

စိန်ဝင်း(ပြန်/ဆက်)