ကျောက်မြောင်း စက်တင်ဘာ ၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကျောက်မြောင်း မြို့မလားကျေးရွာ ဘုန်းတော်ကြီးကျောင်းတိုက်တွင် ကိုရီးယား ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ဗဟိုဌာန (CCC)နှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ မြန်မာနိုင်ငံတွင် စွမ်းအားမြှင့်မီးဖို ဖြန့်ဖြူးပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် ကျေးရွာသစ်လှုပ်ရှားမှု ကော်မတီဖွဲ့စည်းခြင်းကို ဆောင်ရွက်ခဲ့သည်။
ပထမဦးစွာ ကျောက်မြောင်းမြို့ စိုက်ပျိုးရေးဦးစီးဌာန ကော်မတီဖွဲ့စည်းရခြင်းနှင့် စွမ်းအားမြှင့်မီးဖို ထုတ်လုပ်ခြင်းမှ ရရှိလာမည့်အကျိုးအမြတ်များကို ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် မလားကျေးရွာမှ ရပ်မိရပ်ဖ ဦးအောင်အောင်စိုးမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရန် လာရောက်လုပ်ကိုင်ပေးသည့်အတွက် ကျေးရွာ ကိုယ်စားကျေး ဇူးတင်စကားပြောကြား ခဲ့ကြောင်း သိရသည်။
ဇင်ပိုင်မှူး(ကျောက်မြောင်း)