နမ့်ခမ်းမြို့နယ်၌ (CERP)အရ ဒုတိယအကြိမ် မိုးစပါးမျိုးစေ့ထုတ်တောင်သူများကို သိန်းပေါင်း(၃၆)ကျော် ထောက်ပံ့ငွေပေးအပ်

နမ့်ခမ်း         စက်တင်ဘာ ၅

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်ခရိုင်နှင့်နမ့်ခမ်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ပူးပေါင်းပြီး COVID-19 ရောဂါကြောင့် စီးပွားရေးကုစားမှု အစီအစဉ်(CERP)အရ ဒုတိယအကြိမ် မိုးစပါးမျိုးစေ့ထုတ်တောင်သူများအား ထောက်ပံ့ငွေစုစုပေါင်း(၃၆)သိန်းကျော်ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ() နာရီ အချိန်က နမ့်ခမ်းမြို့၊ နောင်ကောင်ကျေးရွာရှိ လူငယ်ခန်းမ၌ ကျင်းပသည်။

မူဆယ်ခရိုင်၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဒေါ်နန်းလွင်လွင်စိန်က " စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရဲ့ လမ်းညွှန်ချက်နဲ့ ပြည်ထောင်စုရံပုံငွေမှ ကျခံသုံးစွဲပြီး COVID-19 ရောဂါကြောင့် စီးပွားရေးကုစားမှုအစီအစဉ်(CERP Plan)အရ မျိုးစေ့ထုတ်တောင်သူများအား မျိုးကွဲနှုတ်ပယ်ခြင်း၊ မျိုးသန့်စင်ခြင်းအတွက် ယခင်လမှာ ပထမအကြိမ်ထောက်ပံ့ငွေပေးအပ်ပြီဖြစ်ပါတယ်၊ ယခုဒုတိယကြိမ်အဖြစ် စိုက်ပျိုးဧက(၂၅)ဧကစိုက်ပျိုးလျက်ရှိသည့် မူဆယ်ခရိုင်အဆင့် မျိုးစေ့ထုတ်တောင်သူများ(၂၆)ဦးနဲ့ နမ့်ခမ်းမြို့နယ် စိုက်ပျိုးတောင်သူ(၁၀)ဦးတို့ကို တစ်ဦးလျှင် ထောက်ပံ့ငွေ()သောင်းခွဲနဲ့ စုစုပေါင်းထောက်ပံ့ငွေ(၃၆)သိန်း ကျော်ကို ပေးအပ်ခြင်းဖြစ်ပါတယ်၊ မြန်မာနိုင်ငံ (GAP)အသိမှတ်ပြု လက်မှတ်ရ တောင်သူစုစုပေါင်း()ဦးကို လက်မှတ်ပေးအပ်ပြီး ပဲပုပ်စံပြကွက် စိုက်ပျိုးသည့် တောင်သူများအား ဓာတ်မြေသြဇာများကိုလည်း ထောက်ပံ့ ပေးပါတယ်လို့ ပြောကြားသည်။

ဆက်လက်ပြီး မူဆယ်ခရိုင်၊ စိုက်ပျိုးမြေအသုံးချရေးတာဝန်ခံဒေါ်မီမီခိုင်နှင့် မျိုးစေ့တာဝန်ခံ ဦးအောင်ကိုလတ် တို့က စိုက်ပျိုးမြေအသုံပြုမှုအခြေအနေများနှင့် မျိုးစေ့ထုတ်လုပ်မှုအခြေအနေများကို ရှင်းလင်းပြောကြာပြီး မူဆယ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်နန်းလွင်လွင်စိန်၊ နမ့်ခမ်းမြို့နယ်ဦးစီမှူး ဦးဆန်ဦးနှင့် တာဝန်ရှိသူများက ထောက်ပံ့ငွေများ၊ GAP လက်မှတ်များနှင့် ဓာတ်မြေသြဇာများ ပေးအပ်ခဲ့ရာ တောင်သူများက အသီးသီးလက်ခံရယူသည်။

ထိုနောက် မူဆယ်ခရိုင်နှင့် နမ်ခမ်းမြိုနယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက မျိုးစေ့စိုက်ခင်းများသို့ ကွင်းဆင်းစစ်ဆေးပြီး ဝန်ထမ်းများနှင့် တောင်သူများဝိုင်းဝန်းပူးပေါင်း၍ မျိုးကွဲပင်နုတ်ပယ်ခြင်းလုပ်ငန်းတို့ကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ဘဦး(ပြန်/ဆက်)