ငါးသိုင်းချောင်း စက်တင်ဘာ ၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများ၏ ညွှန်ကြားချက်၊ ကျန်းမာရေးဆိုင်ရာ အသိပေးလမ်းညွှန်ချက်များနှင့်အညီ သက်ဆိုင်ရာဌာနဆိုင်ရာများ၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၊ စေတနာ့ဝန်ထမ်းများ၊ လူမှုရေးအသင်းဖွဲ့များ စုပေါင်း၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဆက်လက်၍ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းတစ်ခုဖြစ်သည့် အသွားအလာ ကန့်သတ်စောင့်ကြည့်ခြင်းအတွက် နေရာကန့်သတ်စောင့်ကြည့်ရေး စင်တာ တစ်ခုကို ဩဂုတ်လ ၃၀ ရက်နေ့မှစတင်၍ ငါးသိုင်းချောင်းမြို့၊ ပြည်သူ့အားကစားကွင်းရှိ အားကစားခန်းမတွင် ယာယီ ဖွင့်လှစ်ဆောင်ရွက်ခဲ့ပြီး စက်တင်ဘာလ(၃)ရက်နေ့တွင် သက်ဆိုင်ရာတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် သက်ဆိုင်ရာ အထက်အဆင့်ဆင့်၏ ညွှန်ကြားချက်ဖြင့် အ-ထ-က ငါးသိုင်းချောင်းကျောင်းသို့ နေရာကန့် သတ်စောင့်ကြည့်စင်တာကို ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ကြောင်း သိရှိရသည်။
လတ်တလော အခြေအနေတွင် အခြေခံ ပညာကျောင်းများ ရက်အကန့်အသတ်မရှိ ယာယီပိတ်ထားပြီး အဆိုပါနေရာ ကန့်သတ်စောင့်ကြည့်ရေးစင်တာတွင် stay at home သတ်မှတ်ထားသော မြို့နယ်များမှ ဝင်ရောက်လာသူများ၊ နေရပ်သို့ပြန်လည် ရောက်ရှိလာသူများ စုစုပေါင်း နေရာကန့်သတ်စောင့်ကြည့်မှုခံယူသူ (၁၁)ဦးရှိပြီး ကျန်းမာရေးစစ် ဆေးမှုနှင့် အခြားလိုအပ်သော လုပ်ငန်းများကို ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ မြို့ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော် မတီတာဝန်ရှိသူများ၊ လူမှုရေးအသင်း အဖွဲ့များက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
စိုးမင်းဦး(ပြန်/ဆက်)