ငဖဲ စက်တင်ဘာ ၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပဒါန်းကျေးရွာ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချူပ်နိုင်ရေးနှင့် ကူးစက်ပျံ့ပွားမှု မရှိစေရေးအတွက် ပြည်သူများအပြင်ထွက်သွားလာရာတွင် နှာခေါင်းစည်းများစနစ်တကျတပ်ဆင်၍ သွားလာသည့် အလေ့အကျင့်များ ရရှိစေရန်အတွက် အပြင်ထွက် တိုင်း နှာခေါင်းစည်း(mask)တပ်ဆင်သွားလာခြင်းမရှိသူများအား အရေးယူဆောင်ရွက်ခြင်း ကို ယနေ့နံနက် ၇ နာရီက ငဖဲမြို့နယ် ပဒါန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းရှေ့တွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ရောဂါထိန်းချူပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဌ မြို့နယ် အုပ်ချုပ်ရေးမှူးဦးဆန်းထွန်းနှင့် ကော်မတီဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးကျော်နိုင်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူးဦးနိုင်လင်းဦးနှင့်တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များနှင့် ကျန်းမာရေးဝန်ထမ်းများပူးပေါင်း၍ နှာခေါင်းစည်း (mask)တပ်ဆင် သွားလာခြင်း မရှိသောလမ်းသွားလမ်းလာပြည်သူများ၊ဆိုင်ကယ်၊သုံးဘီး နှင့် မော်တော် ယာဉ်ပေါ်တွင်လိုက်ပါလာသော ခရီးသွား ပြည်သူများအား ကိုဗစ်-၁၉ရောဂါကူးစက်ပျံ့ပွားမှုမဖြစ်ပေါ်စေ ရေးအပြင်ထွက်တိုင်းမဖြစ်မနေ နှာခေါင်းစည်း(mask) တပ်ဆင်ပြီးသွားလာကြ ရန် အသိပညာပေးခြင်း၊ ဆိုင်ကယ်စီးသူများဆိုင်ကယ်စီးဦးထုပ်ဆောင်းမောင်းနှင်ရေးယာဉ်စည်းကမ်း၊လမ်းစည်းကမ်းအသိပညာပေးခြင်းနှင့် နှာခေါင်းစည်း(mask)မတပ်သူများအား တစ်ဦးလျှင် နှာခေါင်းစည်းနှစ်ခု ငွေကျပ် ၂၀၀၀ နှုန်းဖြင့် ဒဏ်ရိုက်အရေးယူခြင်း များဆောင်ရွက် ခဲ့ကြောင်း သိရသည်။
မယု(ငဖဲ)