သတင်းများ

နမ့်ဆန်၌ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွင် မဲစာရင်းပြည့်စုံမှန်ကန်စေရေး ကျေးရွာအရောက် ကွင်းဆင်း၍ တစ်အိမ်တက်ဆင်း စာရင်းစစ်ဆေးခြင်းဆောင်ရွက်
Sep 06,2020
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းပြည့်စုံမှန်ကန်စေရေးအတွက် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲနှင့်အတူ ဌာနဆိုင်ရာများစုပေါင်းကာ ယမန်နေ့က မန်လွယ်ကျေးရွာအုပ်စုသို့ ကွင်းဆင်း၍ တစ်အိမ်တက်ဆင်း စာရင်းစစ်ဆေးခြင်း၊ ပညာပေးခြင်းလုပ်ငန်းကို ဆောင်ရွက် ခဲ့ကြောင်းသိရသည်။
မိုင်းလုံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းများ  ဆောင်ရွက်
Sep 06,2020
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်၊ တားဆီးရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊  ကျောက်မဲခရိုင်၊ မိုင်းလုံမြို့အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ရေးနှင့် ပတ်သက်သည့် အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့ ည(၆)နာရီ အချိန်ခန့်က  ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထားဝယ်မြို့တွင် ၂၀၂၀ ပြည့်နှစ်၊ ကမ္ဘာ့မိခင်နို့တိုက်​ကျွေး​ရေး ရက်သတ္တပတ်နှင့် အာဟာရ ဖွံ့ဖြိုးရေးရက်သတ္တပတ် လှုပ်ရှားမှုများအတွက် တိုင်းဒေသကြီး အဆင့်ဖွင့်ပွဲ အခမ်းအနားကျင်းပ
Sep 06,2020
၂၀၂၀ ပြည့်နှစ်၊ ကမ္ဘာ့မိခင်နို့တိုက်​ကျွေး​ရေးရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် လှုပ်ရှားမှုများအတွက် တိုင်းဒေသကြီးအဆင့်ဖွင့်ပွဲ အခမ်းအနား ကို ယမန်နေ့နံနက် (၉) နာရီခွဲအချိန်က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်အတွင်း ရေမြောင်းများဆယ်ယူခြင်း လုပ်ငန်းနှင့် Box  Culvert (မြေအောက်ပိုက်လိုင်း) တည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်
Sep 06,2020
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်အတွင်း စည်ပင်သာယာလှပရေး၊ ရေစီးရေလာကောင်းမွန်ရေးနှင့်ခြင်ပေါက်ပွားမှု ထိန်းချုပ်ရေးအတွက်  (၁၆၈) ရပ်ကွက် ကမ်းနားလမ်းတလျောက် ရေမြောင်းများအတွင်း အမှိုက်များ နှင့်မြက်များ ပြန်လည် ဆယ်ယူခြင်းနှင့် ပဲခူးမြစ်လမ်းတလျောက် ရေမြောင်းများပြန်လည် တူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ကွမ်းအပ်မင်းသားကြီးလမ်းနှင့် (၉၀)၊ (၇၉)၊(၈၀)၊ (၅၈) ရပ်ကွက်များအတွင်းရှိ တည်ဆောက်လျက်ရှိသော Box Culvert(မြေအောက်ပိုက်လိုင်း)  များတည်ဆောက်မှု လုပ်ငန်းများကို ဆောင်ရွက်နေကြောင်းသိရသည်။
တုံတာမြို့၌ မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းများအား ကွင်းဆင်းစစ်ဆေး
Sep 06,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တုံတာမြို့၌ CERP အစီအစဉ်ဖြင့် စိုက်ပျိုးထားသော မိုးစပါးမျိုးစေ့ ထုတ်စိုက်ခင်းများအား ယမန်နေ့ နံနက် ၁၁နာရီခန့်က ကွင်းဆင်းစစ်ဆေးခဲ့သည်။
ဆီဆိုင်မြို့၌ ကိုဗစ် − ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် Mask Campaign ပြုလုပ်
Sep 06,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့၌ ကိုဗစ် − ၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးအတွက် ယမန်နေ့ နံနက် ၇ နာရီက တောင်ကြီး-ဆီဆိုင်-လွိုင်ကော် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ လူအသွားအလာများသော ဆီဆိုင်မြို့မဈေးရှေ့တွင် Mask Campaign ပြုလုပ်ခဲ့ကြောင်း သိရသည်။