ဆီဆိုင်မြို့၌ ကိုဗစ် − ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် Mask Campaign ပြုလုပ်

ဆီဆိုင် စက်တင်ဘာ ၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့၌ ကိုဗစ် − ၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးအတွက် ယမန်နေ့ နံနက် ၇ နာရီက တောင်ကြီး-ဆီဆိုင်-လွိုင်ကော် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ လူအသွားအလာများသော ဆီဆိုင်မြို့မဈေးရှေ့တွင် Mask Campaign ပြုလုပ်ခဲ့ကြောင်း သိရသည်။

Mask Campaign ပြုလုပ်ရာတွင် အောင်ချမ်းသာ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာ ဈေးဝန်ထမ်းများတို့က ပြည်သူများအကြား နှာခေါင်းစည်းတပ်ဆင် သွားလာသည့် ယဉ်ကျေးမှုတစ်ရပ် ပေါ်ထွန်းလာစေရေးအတွက် တောင်ကြီး-ဆီဆိုင်-လွိုင်ကော် ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ လူအသွားအလာများသော ဆီဆိုင်မြို့၊ မြို့မဈေးရှေ့တွင် လမ်းသွားလမ်းလာများ၊ ဈေးရောင်း၊ ဈေးဝယ်လာပြည်သူများတို့အား Mask (၁၅၀၀) အခမဲ့ ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။

“ယခုပြုလုပ်သည့် Mask Campaign ကို ပြည်သူများအကြား Mask တပ်ဆင်သွားလာသည့် ယဉ်ကျေးမှုတစ်ရပ် ပေါ်ထွန်းလာသည်အထိ ဆက်လက်ဖြန့်ဝေ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း” အောင်ချမ်းသာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစံဝင်းမောင်မှ ပြောသည်။

ခွန်ရဲထွေး(ဆီဆိုင်)