နမ့်ဆန်၌ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွင် မဲစာရင်းပြည့်စုံမှန်ကန်စေရေး ကျေးရွာအရောက် ကွင်းဆင်း၍ တစ်အိမ်တက်ဆင်း စာရင်းစစ်ဆေးခြင်းဆောင်ရွက်

နမ့်ဆန်  စက်တင်ဘာ ၆

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းပြည့်စုံမှန်ကန်စေရေးအတွက် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲနှင့်အတူ ဌာနဆိုင်ရာများစုပေါင်းကာ ယမန်နေ့က မန်လွယ်ကျေးရွာအုပ်စုသို့ ကွင်းဆင်း၍ တစ်အိမ်တက်ဆင်း စာရင်းစစ်ဆေးခြင်း၊ ပညာပေးခြင်းလုပ်ငန်းကို ဆောင်ရွက် ခဲ့ကြောင်းသိရသည်။

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရေး အတွက်  သက်ဆိုင်ရာဌာန တာဝန်ရှိသူများနှင့်အတူ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့ လိုက်ပါလျှက် မန်လွယ်ကျေးရွာအုပ်စု၊ နမ့်လင်းကျေးရွာအုပ်စုတို့ မဲဆန္ဒရှင် ပြည်သူများတို့၏ နေအိမ်အရောက် တစ်အိမ်တက်ဆင်းကာ မဲဆန္ဒရှင်စာရင်းတွင် အမည်ပါဝင်မှုရှိမရှိ စစ်ဆေးခြင်း၊ အသက်(၁၈)နှစ် ပြည့်ပြီးသူများအားလုံး မဲရုံအရောက် ဆန္ဒမဲပေးနိုင်ရေးအတွက် မန်လွယ်(ထက်) မဲရုံအမှတ်(၁)တွင် မဲဆန္ဒရှင်ပေါင်း(၁၀၀၃)ဦး၊ မန်လွယ်(အောက်) မဲရုံအမှတ်(၂)တွင် မဲဆန္ဒရှင်ပေါင်း(၇၉၅)ဦးနှင့် နမ့်လင်းကျေးရွာအုပ်စု မဲရုံအမှတ်(၁) မဲဆန္ဒရှင်ပေါင်း(၁၁၂၈)ဦး၊ မဲရုံအမှတ်(၂)တွင် မဲဆန္ဒရှင်ပေါင်း (၁၄၉)ဦးတို့အား  ကွင်းဆင်းဆောင်ရွက်ပေးနိုင်ခဲ့ကြောင်ငး သိရသည်။

အောင်မိုး(ရွှေဖီမြေ )