သတင်းများ

ကျောမြို့တွင် ငွေဗိုက် Application ထည့်သွင်း
Sep 07,2020
ဂန့်ဂေါခရိုင် လူမှုဝန်ထမ်းဦးစီးဌာနကကြီးမှူး၍ ကျောမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ငွေဗိုက် Application အကြောင်းရှင်းလင်းပွဲကို ယမန်နေ့ နေ့လယ်ကပြုလုပ်ရာ ကျောမြို့ အုပ်ချုပ်ရေးမှူး ဦးမြတ်ဌေးဦး က အမှာစကားပြောကြားပြီး ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်လဲ့ရည်လှိုင် က ငွေဗိုက် Application နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဒေသခံကျေးလက်နေပြည်သူများ ရာသီမရွေး အဆင်ပြေစွာသွားလာနိုင်ရေး တောင်မုန်းမြောင်းမကြီး မြောင်းဘောင်လမ်းအား မြေနီကျောက်စရစ်လမ်း အဆင့်မြှင့်တင်ဆောင်ရွက်နေမှု ၉၅ ရာခိုင်နှုန်းခန့် ပြီးစီး
Sep 07,2020
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာ ရေးနှစ် ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် တောင်မုန်းမြောင်းမကြီးမြောင်းဘောင်လမ်း အရှည်ပေ ၂၂၀၂၀ ပေ အား ဒေသခံကျေးလက်နေပြည်သူများ ရာသီမရွေး အဆင်ပြေစွာသွားလာနိုင်ရေးအတွက် လမ်းအကျယ် ၁၀ ပေ ၊ မြေနီ ကျောက်စရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ပြုပြင်ဆောင်ရွက်လျက်ရှိရာ ယခုအခါ ၉၅ ရာခိုင်နှုန်းခန့် ပြီးစီးသွားပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနရုံးမှ သိရသည်။
ငရုတ်ကောင်းမြို့၌ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး နှာခေါင်းစည်း (Mask) မတပ်သူများ ယခုဝယ် ယခုတပ် စနစ် ဆောင်ရွက်ခြင်းနှင့် စားသောက်ဆိုင်များအား ကွင်းဆင်စစ်ဆေး
Sep 07,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေး နှာခေါင်းစည်း (Mask) မတပ်ဆင်သူများအား ယခုဝယ် ယခုတပ် စနစ်ဆောင်ရွက်ခြင်းနှင့် စားသောက်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လယ်ဝေးမြို့နယ် ကြိမ်ဖန်ကျေးရွာ Cash For Work စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုများအား ကွင်းဆင်းစစ်ဆေး
Sep 07,2020
ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်အတွင်း COVID-19 စီးပွားရေး ကုစားမှုအစီအစဉ်အရ ဆောင်ရွက်လျက်ရှိသည့် Cash For Work စီမံကိန်း အကောင်အထည် ဖော်ဆောင်ရွက်နေမှုများအား နေပြည်တော်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဌေးဝင်းနှင့် တာဝန်ရှိသူများက ယမန်နေ့နံနက်(၉)နာရီက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ရေစကြိုမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးက နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကို ရပ်ကွက်/ကျေးရွာများသို့ ကွင်းဆင်း ဆောင်ရွက်ပေး
Sep 07,2020
ရေစကြိုမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးက ယမန်နေ့ နံနက် ၈ နာရီအချိန်က  နိုင်ငံသားစိစစ်ရေးကတ် ပြားများကို ရပ်ကွက်/ကျေးရွာများသို့ ကွင်းဆင်း‌ ဆောင်ရွက်‌ပေးခဲ့သည်။
ကျောင်းကုန်းမြို့တွင် ကိုဗစ်-၁၉ ကာလ စီးပွားရေး ပြန်လည်ကုစားမှု အစီအစဉ်အရ ငါးသားပေါက်များ ထောက်ပံ့
Sep 07,2020
ဧရာဝတီတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနက ကိုဗစ်-၁၉ ကာလ စီးပွားရေး ပြန်လည်ကုစားမှု အစီအစဉ်အရ နိုင်ငံတော် အစိုးရမှ ငါးမွေးမြူရေးလုပ်ငန်းများ ပြန်လည်ဦးမော့ လာစေရေးအတွက် ငါးမွေးတောင်သူများအား ငါးသားပေါက် ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၇ နာရီခွဲ အချိန် ကံကလေး အုပ်စုရှိ ငါးမွေးတောင်သူ (၁၃) ဦး၏ ငါးကန် ၇၄၇ ဒဿမ ၁၀ ဧက အတွက် သုံးလက်မအရွယ် ငါးသားပေါက် (၁၄၉၄၂၀၀) ကောင်ကို ထောက်ပံ့ပေးအပ်ခဲ့သည်။
မိုင်းပန်မြို့နယ်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ပြည်သူများသိရှိစေရန် အသိပေးကြေညာချက်အား အချိန်နှင့်တစ်ပြေးညီ ဆော်သြ
Sep 07,2020
ရှမ်းပြည်နယ်‌(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်ဦးဆောင်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ပြည်သူများ သိရှိစေရန် အသိပေးကြေညာချက်တို့အား အချိန်နှင့်တစ်ပြေးညီ ပြည်သူများ အမျိုးသားရေး အသွင်ဖြင့် သိရှိလိုက်နာကြစေရန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနပိုင် မော်တော်ယာဉ်များဖြင့် လည်းကောင်း၊ Hand Speaker များ ဖြင့်လည်းကောင်း ယမန်နေ့ နံနက်(၁၀)နာရီအချိန်မှစတင်၍ ဆော်သြလျက်ရှိကြောင်း သိရှိရသည်။
အောင်လံမြို့နယ် လူငယ်ရေးရာကော်မတီမှ Mask Campaign ပြုလုပ်၍ နှာခေါင်းစည်း Mask (၂၅၀၀)ခုအား အခမဲ့ဖြန့်ဝေ
Sep 07,2020
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့၌ အောင်လံမြို့နယ်လူငယ်ရေးရာကော်မတီမှ Mask Campaign ပြုလုပ်၍ နှာခေါင်းစည်း Mask (၂၅၀၀)ခုအားအခမဲ့ဖြန့်ဝေမှုကို ယမန်နေ့နံနက်(၈)နာရီအချိန်ခန့်က မြို့မစျေးကြီးနှင့် ရွာထောင်တပ်စျေးတို့တွင် ပြုလုပ်ခဲ့သည်။