သတင်းများ

တောင်တွင်းကြီးမြို့နယ်တွင် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး အထူးရဲ (၂၈၄)ဦး ခန့်အပ်သွားမည်
Sep 07,2020
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်ပြည်သူများ လုံခြုံစိတ်ချစွာ မဲပေးနိုင်ရေးအတွက် မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်ရန် အထူးရဲ (၂၈၄) ဦး ခန့်အပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ငရုတ်ကောင်းမြို့၌ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းခွင်အကြို ဆင့်ပွားသင်တန်းဖွင့်လှစ်
Sep 07,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းခွင်အကြို ဆင့်ပွားသင်တန်းကို ယမန်နေ့တွင် ငရုတ်ကောင်းမြို့(အထက)ရှိ ရွှေရတုခန်းမ၌ ကျင်းပ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဒဂုံမြို့နယ် ဦးဝိစာရရပ်ကွက်၌ လျှပ်စစ်ဓါတ်အားလိုင်းကြိုးမလွတ်ကင်းသော သစ်ပင်၊ သစ်ကိုင်း များ ခုတ်ထွင်ရှင်းလင်း
Sep 07,2020
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ် ဦးဝိစာရရပ်ကွက်အတွင်း၌ လျှပ်စစ်အန္တရာယ် ကင်းဝေး စေရန်အတွက် လမ်းဘေး ဝဲ/ယာတစ်လျှောက်  ဓါတ်အားလိုင်းကြိုးများနှင့် မလွတ်ကင်းသော သစ်ပင်၊ သစ်ကိုင်း ကြီးများ
ပင်လုံမြို့၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် အသိပညာပေးဆော်ဩခြင်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းဆောင်ရွက်
Sep 07,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးအတွက် ပြည်သူများအား ကိုဗစ်- ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ်အကြောင်းများ အသိပညာပေးခြင်း၊ ရှောင်ရန်/ဆောင်ရန်များအား ပအိုဝ်းဘာသာစကား၊ ရှမ်းဘာသာစကား၊ မြန်မာဘာသာစကားဖြင့် လှည့်လည်ဆော်ဩပေးခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ရှောင်ရန်/ဆောင်ရန် လက်ကမ်းစာစောင်များ၊ လူစည်ကားရာနေရာများ၌ ကိုဗစ်- ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးပိုစတာနှင့် ဗွီနိုင်းများကပ်ခြင်း၊ စိုက်ထူခြင်းများအား စက်တင်ဘာလ ၅ ရက်နေ့ နံနက်(၉:၀၀)နာရီ အချိန်က စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သန်လျင်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အရှိန်မြှင့်ဆောင်ရွက်
Sep 07,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်၊ ကိုဗစ် -၁၉ ကြိုတင်ကာကွယ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီနှင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ စုပေါင်း၍ ယမန်နေ့ နံနက်ပိုင်းတွင် မြို့မဈေးကြီးသို့ ဈေးရောင်း၊ ဈေးဝယ် လာရောက်ကြသူများအား နှာခေါင်း စည်း(Mask)များ ဖြန့်ဝေခြင်း၊ ကိုယ်အပူချိန်တိုင်းခြင်း၊ လက်ဆေး ကန်များတွင် စနစ်တကျ လက်ဆေး ခြင်းများကို ပညာပေးဆောင်ရွက်လျက်ရှိသည်။
ပထမအကြိမ် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး စက်တင်ဘာ ၂၀ ရက်နေ့ ထိုးနှံပေးမည်
Sep 07,2020
ပထမအကြိမ် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံခြင်းကို မင်းတပ်မြို့နယ်ရှိ အသက် (၉) နှစ်နှင့် (၁၀) နှစ်အထက် အမျိုးသမီးများကို စက်တင်ဘာ ၂၀ ရက်နေ့တွင် ထိုးနှံပေးနိုင်ရန်အတွက် စက်တင်ဘာ (၅) ရက်နေ့တွင် ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၌ သင်တန်းပေးလျက်ရှိကြောင်း သိရသည်။
ဖျာပုံမြို့နယ်အတွင်းရှိ မသန်စွမ်းသူများအား ကိုဗစ်-၁၉ကာလ စီးပွားရေးကုစားမှု အစီအစဉ်အရ ထောက်ပံ့ငွေများ ပေးအပ်
Sep 07,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်းရှိ မသန်စွမ်းသူများအား ကိုဗစ်-၁၉ကာလ စီးပွားရေးကုစားမှု အစီအစဉ်အရ မသန်စွမ်းသူများအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၂ စတင်၍ တစ်ဦးလျှင် ၃၀၀၀၀ကျပ်နှုန်းဖြင့် အိမ်တိုင်ရာ ရောက်အဖွဲ့ခွဲ၍ ထောက်ပံ့ပေးခဲ့သည်။
ဒေါ့ဖုန်းယန်မြို့ တွင် တာရှည်ခံ ဆေးစိမ်ခြင်ထောင်များ အခမဲ့ဖြန့်ဝေခြင်း ဆောင်ရွက်
Sep 07,2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့တွင် နေထိုင်ကြသည့် ဒေသခံပြည်သူများ ခြင်အန္တရယ်မှ ကင်းဝေးစေရန် ရည်ရွယ်၍ တာရှည်ခံဆေးစိမ်ခြင်ထောင်များ အခမဲ့ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက် ၇ နာရီမှစ၍ အခမဲ့ ဖြန့်ဝေခဲ့ကြသည်။