တုံတာမြို့၌ မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းများအား ကွင်းဆင်းစစ်ဆေး

တုံတာ စက်တင်ဘာ ၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တုံတာမြို့၌ CERP အစီအစဉ်ဖြင့် စိုက်ပျိုးထားသော မိုးစပါးမျိုးစေ့ ထုတ်စိုက်ခင်းများအား ယမန်နေ့ နံနက် ၁၁နာရီခန့်က ကွင်းဆင်းစစ်ဆေးခဲ့သည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ရှမ်းပြည်နယ်အရှေ့ပိုင်း(ကျိုင်းတုံ) စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယပြည်နယ် ဦးစီးမှူး ဦးလှဝင်းနှင့် တုံတာမြို့စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးဇော်ဝင်းမြင့်သန်းနှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ် ဖြင့်စိုက်ပျိုးထားသော မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်းများအား ပိုးမွှားများကျရောက်မှု ရှိ/မရှိစစ်ဆေးခဲ့ပြီး မျိုးကွဲနုတ်ပယ်ခြင်း အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

တောင်သူများအကျိုးအတွက် မျိုးစေ့ထုတ်လုပ်ငန်းမှတဆင့် မျိုးကောင်းမျိုးသန့်ရရှိရန်ပြုလုပ် ဆောင်ရွက်ရခြင်းဖြစ်ကြောင်းနှင့် တုံတာမြို့တွင် ရွှေရင်အေးမိုးစပါးမျိုးစေ့ထုတ်စိုက် ခင်း(၅)ဧက စိုက်ပျိုးထားရှိကြောင်း မြို့စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

လှိုင်လှိုင်ငြိမ်း(ပြန်/ဆက်)