မြို့နယ်အတွင်း COVID -19 ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် ဘက်ပေါင်းစုံမှ အရှိန်အဟုန်မြှင့်ကြိုးပမ်းဆောင်ရွက်
Sep 06,2020
သင်္ဃန်းကျွန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်တားဆီးနိုင်ရေးအတွက် ဘက်ပေါင်းစုံမှ အရှိန်အဟုန်ဖြင့်ကြိုးပမ်းဆောင်ရွက်လျှက်ရှိရာ ယမန်နေ့နံနက်ပိုင်းအချိန်က ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ လူစည်ကားရာနေရာများ၊ ဘတ်စ်ကားမှတ်တိုင်များ၊ ဘတ်စ်ကားစီး ခရီးသည်များနှင့် လမ်းများပေါ်တို့တွင် နှာခေါင်းစည်းMaskများ တပ်ဆင်ကာကွယ် သွားလာကြစေရေး တို့အတွက် လိုက်လံနှိုးဆော်ခြင်းများနှင့် Mask (နှာခေါင်းစည်း) များကို အခမဲ့လိုက်လံပေးဝေခြင်းများကို သင်္ဃန်းကျွန်းမြို့နယ် COVID-19 ထိန်းချုပ်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ကြက်ခြေနီအသင်းတို့ဦးဆောင်ကာ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။