ငွေဆောင်မြို့တွင် Mask Campaign ပြုလုပ်ပြီး Mask (၂၀၀၀) ဖြန့်ဝေပေး
Sep 07,2020
ငွေဆောင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် (၇) နာရီက ပုသိမ်မြို့ ဖြူစင်မေတ္တာ လူမှုဖွံ့ဖြိုးတိုး တက်ရေးအသင်း၊ မေတ္တာဖောင်ဒေးရှင်း၊ ပြည်ကြီးခင်၊ ATAA၊ Irrawaddy CSOs Network တို့မှ ငွေဆောင်မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများအထိ လိုက်လံ၍ အသိပညာပေး စာစောင်များ ပေးဝေခြင်းနှင့် Mask Campaign လှုပ်ရှားမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။