ပေါက်ခေါင်း မြို့မဈေးကြီးအတွင်း ဈေးဆိုင်များအား သတ်မှတ်စည်းကမ်းများနှင့်အညီ ရောင်းချခြင်းရှိ/မရှိ စစ်ဆေး

ပေါက်ခေါင်း၊   စက်တင်ဘာ   ၆

ပေါက်ခေါင်းမြို့ မြို့မစည်ပင်သာယာဈေးကြီးအတွင်း ဈေးဆိုင်များအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ရောင်းချမှု ရှိ/မရှိကို တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းက လိုက်လံစစ်ဆေးခဲ့ကြောင်းသိရသည်။

ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စည်ပင်၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သည့် ပူးပေါင်းအဖွဲ့က ဈေးအတွင်း ရောင်းချလျက်ရှိသော စတိုးဆိုင်၊ကုန်စုံဆိုင်၊ကုန်ခြောက်ဆိုင်များနှင့်သားငါးရောင်းချ ဆိုင်များအား သတ်မှတ်ထားသောစည်းကမ်းချက်များနှင့်အညီရောင်းချခြင်းရှိ/မရှိ စစ်ဆေးပြီး၊ ဈေးရောင်းသူ၊ ဈေးဝယ်သူများကို နှာခေါင်းစည်း (Mask) များတပ်ဆင်ကြပြီး ရောင်းဝယ်ကြရန်လည်း အသိပေးပြောကြားခဲ့ကြောင်းသိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)