ဒဂုံမြို့သစ်(ဆိပ်ကမ်း) စက်တင်ဘာ ၆
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်အတွင်း စည်ပင်သာယာလှပရေး၊ ရေစီးရေလာကောင်းမွန်ရေးနှင့်ခြင်ပေါက်ပွားမှု ထိန်းချုပ်ရေးအတွက် (၁၆၈) ရပ်ကွက် ကမ်းနားလမ်းတလျောက် ရေမြောင်းများအတွင်း အမှိုက်များ နှင့်မြက်များ ပြန်လည် ဆယ်ယူခြင်းနှင့် ပဲခူးမြစ်လမ်းတလျောက် ရေမြောင်းများပြန်လည် တူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ကွမ်းအပ်မင်းသားကြီးလမ်းနှင့် (၉၀)၊ (၇၉)၊(၈၀)၊ (၅၈) ရပ်ကွက်များအတွင်းရှိ တည်ဆောက်လျက်ရှိသော Box Culvert(မြေအောက်ပိုက်လိုင်း) များတည်ဆောက်မှု လုပ်ငန်းများကို ဆောင်ရွက်နေကြောင်းသိရသည်။
အဆိုပါလုပ်ငန်းများကို အိုးအိမ် ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေး ကော်မတီအဖွဲ့၀င်(၁)တို့မှ ကြီးကြပ်ဆောင်ရွက်လျက် ရှိကြသည်။ မြို့နယ်စည်ပင်သာယာရေး ကော်မတီသည် ကျောင်းများပြန်ဖွင့်ချိန် ၌ ကျောင်းခြံများရှင်းလင်းခြင်း၊ ကားလမ်းများ ဝဲ/ယာများ၌ သစ်ပင်များရှင်းလင်းခြင်း၊ ရေမြောင်းများ ပြန်လည်ဆယ်ယူခြင်း၊ covid-19 ရောဂါ ပြန့်ပွားမှု ကာကွယ်ထိန်းချုပ်ရေးအတွက် mask camping များပြုလုပ်ခြင်းများကို သက်ဆိုင်ရာ ဌာနဆိုင်ရာများ/အဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောက်ရွက်လျက် ရှိပါကြောင်း သတင်းရရှိပါသည်။
လဲ့လဲ့(ပြန်/ဆက်)