သတင်းများ

ကျွန်းစုမြို့တွင် ကိုယ်ဝန်ဆောင်အမျိုးသမီးများအား နိုင်ငံတော်မှ ထောက်ပံ့ငွေပေးအပ်နိုင်ရန်အတွက် ကျန်ရှိမှုမရှိစေရေးအတွက် ကွင်းဆင်းဆောင်ရွက်
Sep 07,2020
တနင်္သာရီတိုင်းဒေကြီး၊ ကျွန်းစုမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်ကာလအတွင်း ကိုယ်ဝန်ဆောင်အမျိုးသမီးများအတွက် နိုင်ငံတော်မှထောက်ပံ့သော ငွေကျပ် (၃၀၀၀၀) အား လူမှုဝန်ထမ်းဦးစီးဌာနက ကိုယ်ဝန်ဆောင် အမျိုးသမီးများကျန်ရှိနေမှုမရှိစေရန်အတွက် စက်တင်ဘာလ (၁) ရက်နေ့မှစပြီး စာရင်းပေးသွင်းခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပင်လောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှာခေါင်းစည်းတပ်ဆင်ရေးကမ်ပိန်းနှင့် အသိပညာပေး လုပ်ငန်း များပြုလုပ်
Sep 07,2020
ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ကြိုတင်ကာကွယ်သည့် ရည်ရွယ်ချက်ဖြင့် နှာခေါင်း စည်း (Mask)များတပ်ဆင်ရေးကမ်ပိန်းနှင့်အသိပညာပေးခြင်းလုပ်ငန်းကို ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် ယနေ့နံနက်ပိုင်းက မြို့မရဲစခန်းရှေ့မင်းလမ်း ပေါ်၌ ပြုလုပ် ခဲ့သည်။
မြောက်ဥက္ကလာပမြို့နယ်တွင် ညမထွက်ရအမိန့် လိုက်နာခြင်းရှိ/မရှိ စစ်ဆးခြင်းများကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်
Sep 07,2020
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား အထောက်အကူပြုနိုင်ရေးအတွက် ညမထွက်ရအမိန့်အား လိုက်နာခြင်း ရှိ/မရှိ စစ်ဆေးခြင်းကို ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြိုနယ်တွင် ယမန်နေ့ ညအချိန်က ရပ်ကွက်များအတွင်း လှည့်လည်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ငါန်းဇွန်မြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေးဆောင်ရွက်
Sep 07,2020
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ် ကော်မရှင်အဖွဲ့ခွဲရုံးများ၌ ပထမအကြိမ်ကပ်ထားကြေညာခဲ့သည့် မဲဆန္ဒရှင်အမည်စာရင်းများတွင် ပါဝင်ခြင်းရှိ/မရှိ စစ်ဆေးခြင်း၊ မပါဝင်ပါကထည့်သွင်းပေးခြင်း၊ မှားယွင်းနေပါက ပြင်ဆင်ပေးခြင်းတိုကို တစ်အိမ်တက်ဆင်းလိုက်လံစစ်ဆေးခြင်းများ ဆောင်ရွက်ကြပြီး မဲစာရင်းမှန်ကန်မှုရှိရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လွိုင်လင်မြို့ အဝင်အထွက်ဂိတ်များတွင် ပူးပေါင်းအဖွဲ့များ မှ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်း များကို ဒစ်ဂျစ်တယ် စက်ဖြင့်စစ်ဆေးပေး
Sep 07,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်မြို့ အဝင်အထွက်ဂိတ်များတွင် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများ ၊ မီးသတ် ၊ ကြက်ခြေနီ ၊ ယာဉ်ထိန်း တပ်ဖွဲ့များနှင့် စေတနာ့ဝန်ထမ်းများပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ဖျာပုံမြို့၌ မသန်စွမ်းသူများအား ကိုဗစ်-၁၉ ကာလ စီးပွားရေးကုစားမှု အစီအစဉ်အရ ထောက်ပံ့ငွေများ ပေးအပ်
Sep 07,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်းရှိ မသန်စွမ်းသူများအား ကိုဗစ်-၁၉ ကာလစီးပွားရေး ကုစားမှုအစီအစဉ်အရ မသန်စွမ်းသူများအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့မှ စတင်၍ တစ်ဦးလျှင် ၃၀၀၀၀ ကျပ်နှုန်းဖြင့် အိမ်တိုင်ရာ ရောက်အဖွဲ့ခွဲ၍ ထောက်ပံ့ ပေးလျက်ရှိကြောင်းသိရသည်။
ဒဂုံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ညမထွက်ရ အမိန့် အသံချဲ့စက်ဖြင့်နှိုးဆော်
Sep 07,2020
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့်ပတ်သက်၍ ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရန်အတွက် ညမထွက်ရအမိန့် လိုက်လံနှိုးဆော်ခြင်းကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်အတွင်းရှိယောမင်းကြီး ရပ်ကွက်၊ ဘုရားကြီးရပ်ကွက်၊ ဦးဝိစာရ ရပ်ကွက်၊ ပြည်အရှေ့ရပ်ကွက်နှင့် ပြည်အနောက်ရပ်ကွက်တို့၌ သက်ဆိုင်ရာ ရပ်ကွက်တာဝန်ခံများက အသံချဲ့စက်ဖြင့် ယမန်နေ့ ည ၉ နာရီက လိုက်လံ နှိုးဆော်ပေး ကြောင်း သိရသည်။