သတင်းများ

မဟာအောင်မြေမြို့နယ်တွင် စျေးနှင့်လူစည်ကားနေရာများ၌ Mask များအခမဲ့ဖြန့်ဝေခြင်း ကိုဗစ်-၁၉ ရောဂါ အသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်
Sep 07,2020
မန္တလေးမြို့ မဟာအောင်မြေမြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ်တာဝန်ရှိသူများပူးပေါင်းကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ဖြစ်ပွားပြန့်နှံကူးစက်မှုမရှိစေရေးအတွက် လူစည်ကားသည့်နေရာများတွင် Maskများ အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် (၉)နာရီ ခန့်က ၄၁လမ်း ကမ်းနားလမ်း နံနက်စျေးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အင်းစိန်မြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများဆောင်ရွက်
Sep 07,2020
ရန်ကုန်တိုင်ဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ မိုးရာသီကာလအတွင်း ရေကြီးရေလျှံမှု များ မဖြစ်ပေါ်စေရန်၊ ရေမြောင်းများအတွင်း အမှိုက်များ ပိတ်ဆို့မှုမရှိစေရန်နှင့် မြို့နယ်သန့်ရှင်း သာယာလှပ စေရန် ရည်ရွယ်၍ အင်းစိန်မြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း ကို ယမန်နေ့ နံနက်(၁၀)နာရီ အချိန်က ဆောင်ရွက်ခဲ့သည်။
ဖျာပုံ၌ ကိုဗစ်-၁၉ အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Sep 07,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ ညနေ ၄ အချိန်တွင် ကိုဗစ် ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီက လုပ်ငန်းညှိနှိုင်းအစည်း အဝေးကျင်းပ ပြုလုပ်သည်။
အင်းစိန်မြို့နယ်၌ အုတ်ရေမြောင်းနှင့် မြောင်းဖုံးပြုလုပ်နေသည့် လုပ်ငန်းခွင်များသို့ စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ကွင်းဆင်းကြည့်ရှု
Sep 07,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ မိုးရာသီကာလအတွင်း ရေစီးရေလာ ကောင်းမွန် စေရန်နှင့် ရေမြောင်းများအတွင်း အမှိုက်များ ပိတ်ဆို့မှုမရှိစေရန် ရည်ရွယ်၍ အုတ်ရေမြောင်းနှင့်မြောင်းဖုံး ပြုလုပ်နေသည့် လုပ်ငန်းခွင်များသို့ စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ကွင်းဆင်းကြည့်ရှုခြင်းကို ယမန်နေ့ နံနက်(၈)နာရီအချိန်က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
သံတောင်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီမှ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်
Sep 07,2020
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီမှလုပ်ငန်း ညှိနှိုင်းအစည်းဝေးကို ယမန်နေ့နံနက်ပိုင်းက ရှင်ယောဟန်ဓမ္မရိပ်သာတွင် ကျင်းပပြုလုပ်သည်။
နောင်တရားမြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုမရှိစေရန် အသိပညာပေးနှိုးဆော်
Sep 07,2020
ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုမရှိစေရန်အတွက် ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့၌ မြို့ပေါ်နေပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု အန္တရာယ်မှ ကင်းဝေးစေရေးရန် အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့ ညနေပိုင်းတွင် ဆောင်ရွက်သည်။
ဝေါမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကူညီဆောင်ရွက်နေသည့် အရန် မီးသတ်တပ်ဖွဲ့ဝင်များအား ထောက်ပံ့‌ငွေပေးအပ်လှူဒါန်း
Sep 07,2020
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကူညီဆောင်ရွက်နေ သည့် အရန်မီးသတ်တပ်ဖွဲ့ဝင်များအတွက် ထောက်ပံ့ငွေပေးအပ်လှူဒါန်းခဲ့ ကြောင်း သိရသည်။
အမာမြို့၌ Quarantine Centre အဖြစ်ထားရှိမည့် ကျောင်းဆောင်များအား ကြည့်ရှုစစ်ဆေး
Sep 07,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၌ ကိုဗစ်-၁၉ ရောဂါကူး စက်ပြန့်နှံ့မှုများ မရှိစေရေး ကြိုတင်ကာကွယ်သည့်အနေဖြင့် မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ပတ်သက်၍ စောင့်ကြည့်ရမည့်သူများအား သီးခြားစောင့်ကြည့်မှုများ ပြုလုပ်သွားနိုင်ရေး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကြပ်မတ်ဆောင်ရွက် သွားရန်အတွက် Quarantine Centre အဖြစ် ထားရှိမည့် အမာမြို့၊ အခြေခံပညာ အထက်တန်းကျောင်းရှိ ရှယ်လ်တာအဆောက်အဦအား စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခြင်းနှင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုများကို ယမန်နေ့ မွန်းလွဲ (၁၂) နာရီအချိန်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။