ငါန်းဇွန်မြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေးဆောင်ရွက်

ငါန်းဇွန်၊ စက်တင်ဘာ  ၇

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ် ကော်မရှင်အဖွဲ့ခွဲရုံးများ၌ ပထမအကြိမ်ကပ်ထားကြေညာခဲ့သည့် မဲဆန္ဒရှင်အမည်စာရင်းများတွင် ပါဝင်ခြင်းရှိ/မရှိ စစ်ဆေးခြင်း၊ မပါဝင်ပါကထည့်သွင်းပေးခြင်း၊ မှားယွင်းနေပါက ပြင်ဆင်ပေးခြင်းတိုကို တစ်အိမ်တက်ဆင်းလိုက်လံစစ်ဆေးခြင်းများ ဆောင်ရွက်ကြပြီး မဲစာရင်းမှန်ကန်မှုရှိရေးအတွက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့သည့် သက်ဆိုင်ရာရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲများမှ တာဝန်ရှိသူများသည် မိမိတို့တာဝန်ကျနယ်မြေဒေသများမှ မဲဆန္ဒရှင်စာရင်းတွင် အမည်စာရင်းမပါ၍ တည့်သွင်းသည့် ပုံစံ (၃)၊ မဲစာရင်းတွင် မပါဝင်သင့်သူများ ပါဝင်နေခြင်းကို ကန်ု့ကွက်သည့်ပုံစံ (၄)၊ ကိုယ်ရေးအချက်အလက်များ မှားယွင်း၍ ပြင်ဆင်ရန် ပုံစံ(၄-ဂ)တို့ဖြင့် လျှောက် ထားသူများအတွက် အချိန်နှင့်တစ်ပြေးညီ ပြင်ဆင်ဖြည့်စွက်ဆောင်ရွက်နိုင်ရန် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ အဖွဲ့ဝင်များနှင့် ပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သက်နောင်ဦး(ငါန်းဇွန်)