ပင်လောင်း စက်တင်ဘာ ၇
ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ကြိုတင်ကာကွယ်သည့် ရည်ရွယ်ချက်ဖြင့် နှာခေါင်း စည်း (Mask) များတပ်ဆင်ရေး ကမ်ပိန်းနှင့်အသိပညာပေးခြင်းလုပ်ငန်းကို ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် ယနေ့နံနက်ပိုင်း က မြို့မရဲစခန်းရှေ့မင်းလမ်း ပေါ်၌ ပြုလုပ်ခဲ့သည်။
နှာခေါင်းစည်း တပ်ဆင်ရေး ကမ်ပိန်းနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘုန်းထက်နိုင်မြင့်၊ မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ မြို့နယ် ရဲတပ်ဖွဲ့၊ မြို့နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များပူးပေါင်း၍ နှာခေါင်း စည်း (Mask) တပ်ဆင် ခြင်းမရှိသည့်လမ်းသွား ၊ လမ်းလာပြည်သူများအားနှာခေါင်းစည်း(Mask) တပ်ဆင်ပေးခြင်းနှင့် ယာဉ်စည်းကမ်းပိုင်းဆိုင်ရာ အသိပညာပေး လုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)