မင်းတပ်မြို့၌ နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်း ဆောင်ရွက်
Sep 07,2020
မင်းတပ်မြို့တွင်းရှိ ပြည်သူများ နှာခေါင်းစည်းများ တပ်ဆင်ခြင်းမရှိဘဲ သွားလာသူများကို နှာခေါင်းစည်းများ တပ်ဆင်သွားလာရန် အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ပေးဝေခြင်းကို Mindat COVID-19 Volunteer အဖွဲ့နှင့် ကျန်းမာရေးဌာနတို့ ပူးပေါင်း၍ ယနေ့ နံနက်ပိုင်းတွင် မင်းတပ်မြို့ရှိ လမ်းဆုံလမ်းခွနေရာများနှင့် မြို့မစျေးရှေ့တွင် ပြုလုပ်ကြကြောင်း သိရသည်။