သတင်းများ

ကွတ်ခိုင်မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများကို CERP အစီအစဉ်အရ ဒုတိယအကြိမ် ထပ်မံ‌ ထောက်ပံ့ပေးအပ်
Sep 07,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ COVID-19 ရောဂါကာလ အတွင်း စီးပွားရေး ကုစားမှု(CERP)အစီအစဉ်အရ ဒေသခံတောင်သူများကို မျိုးကွဲနှုတ်ပယ်ခြင်းနှင့် မျိုးသန့်စင်ခြင်းအတွက် ထောက်ပံ့‌ငွေများ ပေးအပ်ထောက်ပံ့လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ကွတ်ခိုင်မြို့နယ်စိုက်ပျိုး‌ရေးရုံးတွင် မိုးစပါးမျိုးစေ့ထုတ် တောင်သူများကို ဒုတိယအကြိမ်အဖြစ် ထပ်မံပေးအပ်ထောက်ပံ့သည်။
‌ဝေါလေမြိုင်မြို့ရှိ အသက် ၈၅ နှစ်နှင့်အထက် အဘိုး/အဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်
Sep 07,2020
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့အတွင်း နေထိုင်လျက်ရှိသော အသက် ၈၅ နှစ်နှင့်အထက် အဘိုး/အဘွားများအား နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးသော လူမှုရေးပင်စင်ထောက်ပံ့ငွေများကို သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့်စာရေးများက အိမ်တိုင်ရာရောက်သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
မိုင်းရှူးမြို့တွင် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်ပြသ ဆောင်ရွက်
Sep 07,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေးနံရံကပ် စာစောင်ပြသခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ရေတာရှည်မြို့နယ်ရှိ မေတ္တာဥယျာဉ် ရှင်သာမဏေ ပြုစုပျိုးထောင်ရေး နှင့် မိဘမဲ့ကလေးစောင့်ရှောက်ရေး ပရဟိတကျောင်းသို့ အမိုးသွပ် ၄၀၀ ချပ် လှူဒါန်း
Sep 07,2020
ရေတာရှည်မြို့နယ် မြို့လှမြို့ မေတ္တာဥယျာဉ် ရှင်သာမဏေပြုစုပျိုးထောင်ရေးနှင့် မိဘမဲ့ ကလေး စောင့်ရှောက်ရေး ပရဟိတကျောင်းတိုက်သို့  အမိုးသွပ် ၄၀၀ ချပ်ကို တောင်ငူခရိုင် ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဦးရဲသူဟန်နှင့် ဝန်ထမ်းများက ယမန်နေ့ နံနက်ပိုင်းတွင် ထောက်ပံ့လှူဒါန်းခဲ့သည်။
မိုင်းလုံမြို့တွင် အသက်(၂)လမှ(၁)နှစ်ခွဲအထိကလေးများကို ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက် လုပ်ငန်းများဆောင်ရွက်
Sep 07,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ တိုက်နယ်ကျန်းမာရေးဌာနမှ မြို့ပေါ်ရပ်ကွက်အတွင်းရှိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များ လစဉ်ပုံမှန် ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းလုပ်ငန်းကို ယနေ့နံနက် (၉) နာရီခန့်က ထိုးနှံ၊ တိုက်ကျွေး ခဲ့ကြောင်း သိရသည်။
အမာမြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက် နိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ
Sep 07,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းနှင့် ပတ်သက်၍ အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီခန့်က အမာမြို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး များနှင့် ရပ်မိ/ရပ်ဖများ တွေ့ဆုံဆွေးနွေး ညှိနှိုင်းခဲ့သည်။
လဲချားမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာ ပညာပေးသင်တန်းဖွင့်လှစ်
Sep 07,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် ရပ်ကွက် /ကျေးရွာ အုပ်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား ပညာပေး သင်တန်းဖွင့်လှစ်ခြင်းကို ယနေ့နံနက် ၈ နာရီခွဲ အချိန်ခန့်က သီရိဟံသာ ခန်းမတွင် သင်တန်းဖွင့်လှစ်ခဲ့သည်။
ကျောက်တလုံးကြီးမြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးဆောင်ရွက်
Sep 07,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ ကိုဗစ်- ၁၉ ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်ရေးအတွက် ကျောက်တလုံးကြီးမြို့မဈေး နှင့် မြို့မဈေးရှေ့ ကျောက်တလုံးကြီး တောင်ကြီး ပြည်ထောင်စုကားလမ်းမကြီးတွင် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်း နှင့် အသိပညာ ပေးခြင်းကို ယနေ့နံနက် ၇ရီခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။