သတင်းများ

လားရှိုးမြို့၌ (၅၆)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်း
Sep 07,2020
(၅၆) နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လားရှိုးမြို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ယနေ့ နံနက်(၉)နာရီအချိန်ကစတင်၍ လားရှိုးမြို့ ပြည်သူ့ဆေးရုံ ကြီး သွေးလှူဘဏ်၌ စုပေါင်း သွေးလှူဒါန်း ခဲ့ကြောင်းသိရှိရသည်။
အုတ်ဖိုမြို့နယ် ငါးလုပ်ငန်းစခန်းမှ တောင်နဝင်းဆည်နှင့် မြောက်နဝင်းဆည်အတွင်း ငါးသားပေါက်ကောင်ရေ နှစ်သိန်းကျော်စိုက်ထည့်
Sep 07,2020
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြိုန့ယ် ငါးလုပ်ငန်းစခန်းမှ သဘာဝရေပြင်နှင့် ဆည်ရေလှောင် တမံများတွင် ငါးသယံဇာတ ပေါကြွယ်ဝစေရန်နှင့် ကိုဗစ်-၁၉ ကာလအတွင်း ငါးရိက္ခာများ လုံလောက်စွာ စားသုံးနိုင်စေရန် ရည်ရွယ်၍ ငါးသားပေါက်မျိုးစိုက်ထည့်ခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက် ရှိရာ ယမန်နေ့က ပြည်ခရိုင်အတွင်းရှိ တောင်နဝင်းဆည်နှင့်မြောက်နဝင်းဆည်အတွင်းသို့ ငါးသားပေါက်ကောင် ရေ (၂၂၀၀၀၀) စိုက်ထည့်ခဲ့ကြောင်း အုတ်ဖိုငါး လုပ်ငန်း စခန်းတာဝန်ခံ ဒေါ်မိုးသီတာထံမှ သိရသည်။
ဖျာပုံ၌ Facility Quarantine Center အဖြစ်ထားရှိသည့် Shelter (၁၅)လုံးတွင် လက်ဆေး ဘေစင်နှင့် ဆက်စပ်လုပ်ငန်းများပြုလုပ်ရန်ထောက်ပံ့ငွေ (၂၂၅)သိန်း ပေးအပ်
Sep 07,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ် ရေးလုပ်ငန်းအတွက် Shelter(၁၅)လုံးတွင် လက်ဆေး ဘေစင်နှင့် ဆက်စပ်လုပ်ငန်းများပြုလုပ်ရန် ထောက်ပံ့ငွေ(၂၂၅)သိန်း ပေးအပ်ပွဲကို ဘိုကလေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ၁၀ အချိန်တွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် မစိုပူးပေါင်းစစ်ဆေးရေးဂိတ်၌ မော်တော်ယာဉ်ပေါ်လိုက်ပါလာသော ပြည်သူများအား ကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Sep 07,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန် နှင့် ကာကွယ်ထိန်းချုပ်ရေးအတွက် မြို့နယ်အတွင်း ဝင်ရောက်လာသည့် မော်တော်ယာဉ်များပေါ်တွင် လိုက်ပါလာသော ပြည်သူများ အား ကျန်းမာရေးနှင့်ယာဉ်အဝင်အထွက်စာရင်းများအား စစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက အမှတ်(၂) လမ်းမပေါ်ရှိ သုံးခွရပ်ကွက် မစိုပူးပေါင်းစစ်ဆေးရေးဂိတ်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့၌ ဈေးကွက်အတွင်းရှိ အလှကုန်နှင့် စားသောက်ကုန်များအား ဥပဒေနှင့် ကိုက်ညီမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Sep 07,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများ အန္တရာယ်ကင်းရှင်းစေရေးနှင့် သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြခြင်း ဖြင့် စားသုံးသူများအနေဖြင့် ရိုးရှင်းသောသတင်းအချက်များ ရရှိစေရန် ရည်ရွယ်၍ မြို့ပေါ် ရပ်ကွက်များနှင့် စည်ပင်သာယာမြို့မဈေးရှိ စတိုးဆိုင်နှင့် အလှကုန်ဆိုင်များအား ယမန်နေ့ နံနက် ၉ နာရီတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်း အစည်းအဝေးပြုလုပ်
Sep 07,2020
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အရှိန်အဟုန် မြှင့် လုပ်ဆောင်နိုင်ရေး အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီ အချိန်ခန့်က မြို့နယ် အ ထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
ကြည့်မြင်တိုင်မြို့နယ်တွင် စာသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်နှင့် ထမင်းဆိုင်များအား ဆိုင်ထိုင်စားသောက်ခွင့်မပြုဘဲ ပါဆယ် စနစ်ဖြင့်သာ ရောင်းချခွင့်ပြုမည်ဖြစ်ကြောင်း ကြေညာ
Sep 07,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံမှုမှ ကာကွယ်ထိန်းချုပ်နိုင်စေရန် ရည်ရွယ်၍ မြို့နယ်အတွင်းရှိ ဆိုင်ထိုင်စားသောက် ရောင်းချလျက် ရှိသေ