လွိုင်လင် စက်တင်ဘာ ၃
ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်မြို့ အဝင်အထွက်ဂိတ်များတွင် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများကို အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် ဌာနဆိုင်ရာများ ၊ မီးသတ် ၊ ကြက်ခြေနီ ၊ ယာဉ်ထိန်းတပ်ဖွဲ့များနှင့် စေတနာ့ဝန်ထမ်းများပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများအဆင်ပြေချောမွေ့စေရန် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးအတွက် AUTO TEMPERATURE DETEACTOR ဒစ်ဂျစ်တယ်စက်ဖြင့် ခရီးသွားပြည်သူများကို ကိုယ် အပူချိန် တိုင်းတာပေးပြီး လက်သန့်ဆေးရည်ဖျန်းပေးခြင်း ၊ ခရီးသွား မှတ်တမ်းရယူခြင်း ၊ ဆက်သွယ်ရမည့် တယ်လီဖုန်းနံပါတ်များရယူခြင်းတို့ကို စနစ်တကျ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ အဆိုပါ AUTO TEMPERATURE DETEACTOR ဒစ်ဂျစ်တယ်စက်များကို လွိုင်လင်မြို့ရှိအလှူရှင်များက ယမန့်နေ့တွင် လှူဒါန်းခဲ့ကြောင်း သိရသည်။
မိုးလွင်ဦး(လွိုင်လင်)