ကျွန်းစု စက်တင်ဘာ ၇
တနင်္သာရီတိုင်းဒေကြီး၊ ကျွန်းစုမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်ကာလအတွင်း ကိုယ်ဝန်ဆောင်အမျိုးသမီးများအတွက် နိုင်ငံတော်မှထောက်ပံ့သော ငွေကျပ် (၃၀၀၀၀) အား လူမှုဝန်ထမ်းဦးစီးဌာနက ကိုယ်ဝန်ဆောင် အမျိုးသမီးများကျန်ရှိနေမှုမရှိစေရန်အတွက် စက်တင်ဘာလ (၁) ရက်နေ့မှစပြီး စာရင်းပေးသွင်းခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် လူမှုဝန်ထမ်းဦးစီးဌာန၊ ဝန်ထမ်းများက စက်တင်ဘာလ (၁) ရက်နေ့မှ (၅) ရက်နေ့အတွင်း မြို့ပေါ် (၄) ရပ်ကွက်တွင် ကိုယ်ဝန်ဆောင်အမျိုးသမီး (၃၁) ဦး၊ ကတ္တလူကျေးရွာအုပ်စုတွင် ကိုယ်ဝန်ဆောင်အမျိုးသမီး (၄၀) ဦး၊ ကပကျေးရွာအုပ်စုတွင် ကိုယ်ဝန်ဆောင်အမျိုးသမီး (၆၉) ဦး စာရင်းပေးသွင်းခဲ့ကြောင်း သိရသည်။
ကိုယ်ဝန်ဆောင်အမျိုးသမီးများအနေဖြင့် စက်တင်ဘာလ (၁၅) ရက်နေ့အတွင်း စာရင်းပေးသွင်းရမည်ဖြစ်ပြီး နိုင်ငံတော်မှ ထောက်ပံ့သောငွေကျပ် (၃၀၀၀၀) အား စက်တင်ဘာလ (၂၀) ရက်နေ့နောက်ပိုင်းတွင် ထောက်ပံ့ပေးသွားမည်ဖြစ် ကြောင်း သိရသည်။
စည်သူရအောင်(ကျွန်းစု)