မိုင်းဆတ် စက်တင်ဘာ ၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ Quarantine ထားရှိသူ (၃၀)ဦး၏ Swab နမူနာများအား ဓာတ်ခွဲခန်းသို့ပို့ဆောင် စစ်ဆေးရန် ယနေ့ နံနက်(၇)နာရီကရယူခဲ့ကြောင်း သိရသည်။
Quarantine ထားရှိသည့် ရန်ကုန်မြို့မှ ပြန်လာသည့် အမျိုးသမီး (၁၂)ဦး၊ အမျိုးသား(၇)ဦး၊ ရခိုင်ပြည်နယ်မှ မိုင်းဆတ်မြို့သို့ တာဝန်ထမ်းဆောင်ရန်ပြောင်းရွှေ့လာသည့် အမျိုးသား(၃)ဦး၊ ရခိုင်ပြည်နယ်မှလာသူနှင့် ကားအတူစီးလာသူအမျိုးသား(၂)ဦးနှင့် ယာဉ်မောင်း (၂)ဦး၊ ယာဉ်နောက်လိုက်တစ်ဦး၊ ထိုင်းနိုင်ငံမှပြန်လာသည့် အမျိုးသမီး(၂)ဦးနှင့် အမျိုးသားတစ်ဦး စုစုပေါင်း(၃၀)ဦးတို့၏ Swab နမူနာများကို ကျန်းမာရေးဌာန ဝန်ထမ်းများက ရယူ၍ခဲ့ပြီး ဓာတ်ခွဲစစ်ဆေးရန် ကျိုင်းတုံမြို့သို့ ဆက်လက်ပို့ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
မြင့်မောင်(ပြန်/ဆက်)