မိုင်းယောင်း စက်တင်ဘာ ၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း(Book Club)နှင့် Youth Club အသင်းတို့သည် စာရေးဆရာဖေမြင့် ရေးသားသည့် “အပြောင်မြောက်ဆုံး ဘဝတစ်ခု တည်ဆောက်ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ နံနက် ၁၀ နာရီခန့်က မြို့နယ်လူထု အခြေပြု ဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပခဲ့သည်။
စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုင်းအောင်ဇော်လင်းက လူငယ်များအနေဖြင့် စာပေဖတ်ရှုခြင်းမှ ဘဝ၏ တိုးတက်မှုနှင့် စိတ်ဓါတ်ခွန်အားများရရှိနိုင်ကြောင်းနှင့် စာဖတ်ဝိုင်းကျင်းပခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားခဲ့သည်။
ထို့နောက် စာရေးဆရာဖေမြင့် ရေးသားသည့် “အပြောင်မြောက်ဆုံး ဘဝတစ်ခု တည်ဆောက်ခြင်း” စာအုပ်မှ လူငယ်များအတွက် အကျိုးရှိမည့် “အောင်မြင်ရမည်ဟူသော စိတ်ဓာတ်”၊ “မိမိကိုယ်ကိုထိန်းသိမ်းခြင်း” နှင့် “ဖြောင့်မတ်ခြင်း၊ တည်ကြည်ခြင်း၊ ရဲရင့်ခြင်း” စသည့် စာစုများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာကြည့်တိုက် လက်ထောက်(၃) ဒေါ်နန်းပန်၊ ရုပ်သံကျွမ်းကျင်(၃) ဦးအားချာနှင့် Book Club အသင်းဝင် နန်းသန္တာကျော်ဝေ တို့က ဖတ်ကြားပြီး အပြန်လှန်ဆွေးနွေး ဖလှယ်ခဲ့ကြသည်။
စာဖတ်ဝိုင်းကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပခြင်းဖြစ်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ Book Club အသင်းဝင်များနှင့် Youth Club အသင်းတို့က တက်ရောက်ဆွေးနွေးကြကြောင်း သိရသည်။
အားချာ(ပြန်/ဆက်)