လှိုင်သာယာမြို့နယ် အောင်မြေသာယာဘုရားအနီး သာသနာ့ဗိမာန်တော်ကြီး၌ Quarantine Centre ဖွင့်လှစ်ရန် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

လှိုင်သာယာ(အနောက်ပိုင်း)  စက်တင်ဘာ  ၈

ရန်ကုန်တိုင်းဒေသကြီး ၊မြောက်ပိုင်းခရိုင် လှိုင်သာယာမြို့နယ်၌ ကိုဗစ်−၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် စောင်ကြည့်လူနာများထားရှိရန် အမှတ်(၆)ရပ်ကွက် အောင်မြေသာယာ ဘုရားအနီး သာသနာ့ဗိမာန်တော်ကြီးတွင် Quarantine Centre ဖွင့်လှစ်ရန် ယမန်နေ့ မွန်းလွဲ  ၂ နာရီခန့်က စုပေါင်းသန့်ရှင်းရေးဆောင်ရွက်သည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာတွင် လှိုင်သာယာမြို့နယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးအေးဗိုလ်၊ အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ ဆရာတော် ဦးကေသရ ဦးဆောင်သော ပရဟိတအဖွဲ့ဝင်များ၊ ဦးဇေကိုကို ဦးဆောင်သော ပရဟိတအဖွဲ့ဝင်များပူးပေါင်း၍ ညီညွတ်သော စုပေါင်းအင်အားဖြင့် လှိုင်သာယာမြို့နယ်အား ကိုဗစ်−ရောဂါမှကာကွယ် ထိန်းချုပ် နိုင်ရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

မြသန္တာဝင်း(ပြန်/ဆက်)