မိုင်းယု စက်တင်ဘာ ၈
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယုမြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် အိမ်အပြင်ထွက်သွားလာသူတိုင်း နှာခေါင်းစည်း(Mask)တပ်၍ သွားလာရေး နေ့စဉ် တရက်နှစ်ကြိမ်ဖြင့် အထူးကြပ်မတ်ကာ မြို့ဝင်လမ်းဆုံ နေရာ၌ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေး ဦးအောင်ပြည့်ဖြိုး ဦးဆောင်သည့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ နှာခေါင်းစည်းမတပ်ဘဲ သွားလာသူများကို နှာခေါင်းစည်းတပ်ပေးပြီး၊ နှာခေါင်းစည်းမတပ်ဘဲ သွားလာသူများအား အခုဝယ်၊ အခုတပ် ဒဏ်ပေးစနစ်ဖြင့် ပြုလုပ်လျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်အတိုင်း နေထိုင်စေရေးနှင့် ဒေသတွင်းရှိ ပျံကျဈေးသည်များကိုလည်း နှာခေါင်းစည်း(Mask)တပ်၍ လမ်းညွှန်ချက်များအတိုင်း ဈေးရောင်းချနိုင်ရေးအတွက် အထူးကြပ်မတ် အသိပညာပေးမှုများ ဆောင်ရွက်နေလျက်ရှိကြောင်း သိရသည်။
ကိုကိုနိုင်(ပြန်/ဆက်)