ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် (CERP) အရ မြန်အောင်၊ ကြံခင်းမြို့နယ်အတွင်းရှိ ငါးမွေးတောင်သူများအား ငါးသားပေါက်များ အခမဲ့ပေးအပ်

မြန်အောင်  စက်တင်ဘာ  ၈

ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် (CERP) အရ မြန်အောင်/ကြံခင်းမြို့နယ်အတွင်းရှိ ငါးမွေးတောင်သူများအား ငါးသားပေါက်များလွှဲပြောင်းပေးအပ်ခြင်းကို ယမန်နေ့ နေ့လယ်က မြန်အောင်မြို့နယ် ငါးလုပ်ငန်းဦးစီး ဌာနရုံးရှေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။

ငါးမွေးတောင်သူများအား ငါးသားပေါက်များ လွှဲပြောင်းပေးအပ်ရာတွင် ဟင်္သာတခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးတင့်လွင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုဦးစီးမှူး ဒေါ်ဟေသီသိန်းထွန်း၊ မြို့နယ်ငါးလုပ်ငန်းဦးစီးမှူးနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြန်အောင်၊ ကြံခင်းမြို့နယ်တို့မှ ငါးမွေးတောင်သူများ တက်ရောက်ကြသည်။

ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် (CERP) အရ မြန်အောင်/ကြံခင်းမြို့ နယ်အတွင်းရှိ ငါးမွေးတောင်သူများထံသို့ ငါးမြစ်ချင်းသားပေါက်များကို တစ်ဧကလျှင် (၂၀၀၀)ကျပ်နှုန်းဖြင့် မြန်အောင်မြို့နယ်အတွင်းရှိ ငါးမွေးကန် (၃၂.၈၁၂)ဧကအတွက် ငါးသားပေါက်ကောင်ရေ(၆၅၆၂၄)၊ ကြံခင်းမြို့နယ်အတွင်းရှိ ငါးမွေးကန် (၅.၄၁၃)ဧက အတွက် ငါးသားပေါက်ကောင်ရေ (၁၀,၈၂၆)ကောင် စုစုပေါင်းငါးသားပေါက် (၇၆,၄၅၀)ကောင်အား ငါးသားပေါက်လုပ်ငန်း၊ ငါးမွေးမြူ ရေးလုပ်ငန်းများ ရပ်တန့်သွားခြင်းမရှိစေရန်၊ ငါးကဏ္ဍဖွံ့ ဖြိုးတိုးတက်စေရန်၊ ငါးရိက္ခာ ဖူလုံမှု ရှိစေရန် ရည်ရွယ်၍ ငါးသားပေါက်များကို ပထမအကြိမ် အခမဲ့ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဝင်းဗိုလ် (မြန်အောင်)