သတင်းများ

မြင်းမူမြို့တွင် အသွားအလာကန့်သတ်ထားသည့်နေရာများ၌ ဝင်ရောက်နေသူများထံမှ SWAPများရယူကာ ဓါတ်ခွဲရန် သက်ဆိုင်ရာသို့ပေးပို့
Sep 14,2020
ကိုဗစ်-၁၉ ကာလအတွင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များ နှင့်အညီရောဂါပိုးတွေ့ရှိသူနှင့်ထိတွေ့သူများ၊ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသူများနှင့် ရောဂါဖြစ်ပွားရာနေရာမြို့နယ်များမှပြန်လည်ရောက်ရှိလာသူများကို သတ်မှတ်နေရာများ တွင်(CBFQ)စခန်းများဖွင့်လှစ်၍ထားရှိရာ ယင်းတို့တွင် ရောဂါပိုး ရှိ/မရှိသိရှိနိုင်ရန်အတွက် နှာခေါင်းတို့ဖတ်နှင့် အာခေါင်တို့ဖတ်(SWAP)များကို ယနေ့ နံနက်ပိုင်းက စစ်ကိုင်းတိုင်း ဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့တွင်ပြုလုပ်ခဲ့ကြောင်းသိရှိရသည်။
ပလောက်မြို့၌ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လူငယ်စကားဝိုင်းကျင်းပ
Sep 14,2020
တနင်္သာရီတိုင်းဒေသကြီး ၊ မြိတ်ခရိုင် ၊ ပလောက်မြို့၊ ရွှေသီလာရတနာခန်းမ၌ ယမန် နေ့နံနက်(၉)နာရီ က ပထမအကြိမ် မဲပေးမည့် လူငယ်များအား ပြည်သူ့နီတိနှင့် ဆန္ဒမဲပေးပုံ အသိပညာပေးခြင်းများ ဆောင်ရွက် ခဲ့ကြောင်းသိရသည်။
ကျောက်တံတားမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေများပေးအပ်
Sep 14,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်တွင် အသက်(၈၅)နှစ်နှင့် အထက် ဘိုးဘွားများအား သုံးလတစ်ကြိမ် ထောက်ပံ့ပေးလျက်ရှိသော လူမှုရေးပင်စင်ထောက်ပံ့ငွေ များ လွှဲပြောင်းပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန အစည်းအဝေးခန်းမ၌ မြို့နယ် အတွင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံ ပေးအပ်ခဲ့ ကြောင်း သိရသည်။
လယ်ဝေးမြို့နယ်၌ ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းအစည်းအဝေးကျင်းပ
Sep 14,2020
ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီက အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ဒလမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေး စားသောက်ဆိုင်များနှင့်လက်ဖက်ရည်ဆိုင်များ ဆိုင်ထိုင်ရောင်းချမှု မရှိစေရေး ရှောင်တခင်စစ်ဆေး
Sep 14,2020
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာ စုစုပေါင်း (၁၅)ဦးအထိ ရှိလာခဲ့ရာ လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားခြင်းမှ ကြိုတင်ကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် ရည်ရွယ်၍ မြို့တွင်းရှိ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များအား ဆိုင်ထိုင်ဖွင့်လှစ် ရောင်းချ ခြင်း မပြုလုပ်ရန်၊ ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်မှုရှိ/မရှိ ယနေ့ နံနက် ၉ နာရီက ရှောင်တခင်စစ်ဆေးခဲ့ကြောင်း သိရသည်။
မိတ္ထီလာမြို့၌ အဋ္ဌမအကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပြည်သူ့အကျိုးပြုဆိုင်းဘုတ်များ စိုက်ထူ
Sep 14,2020
မိတ္ထီလာမြို့၌ အဋ္ဌမအကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပြည်သူ့ အကျိုးပြုဆိုင်းဘုတ်များ စိုက်ထူးခြင်းကို ယမန်နေ့ နံနက် ၉နာရီအချိန် ရန်ကုန်-မန္တလေးကားလမ်းဟောင်း သပြေဝကျေးရွာလမ်းဆုံ မိတ္ထီလာမြို့ ကြိုဆိုပါ၏ ဆိုင်းဘုတ်အနီးတွင် စိုက်ထူးခဲ့ကြောင်း သိရသည်။
တံတားဦးမြို့နယ် ကိုဗစ်-၁၉   ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ  မြို့ဝင်၊ မြို့ထွက် စစ်ဆေးရေးဂိတ်များ ကွင်းဆင်းစစ်ဆေး
Sep 14,2020
ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးလှဝင်းအောင်နှင့် ကော်မတီဝင်များသည် ယနေ့နံနက် (၁၀) နာရီက မြို့ဝင်၊ မြို့ထွက် စစ်ဆေးဂိတ်များတွင် အလှည့်ကျတာဝန်ထမ်းဆောင်နေသော ဌာနဆိုင်ရာဝန်ထမ်းအား တာဝန်ထမ်းဆောင်ခြင်း ရှိ ၊ မရှိ  ကွင်းဆင်းစစ်ဆေးကြောင်း သိရသည် ။
ကော့ကရိတ်မြို့တွင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းနှင့် Mask များ အခမဲ့ ဖြန့်ဝေခြင်း
Sep 14,2020
ကော့ကရိတ်မြို့တွင် Mask ကမ်ပိန်း ဆောင်ရွက်ခြင်းများကို စက်တင်ဘာလ ၅ ရက်နေ့မှ စတင်၍ ယမန်နေ့အထိ ဆောင်ရွက်ခဲ့ရာ ပြည်သူများသို့ အခမဲ့ဖြန့်ဝေနိုင်ရေးအတွက် မြို့ပေါ်ရှိ စေတနာရှင်အလှူရှင်များမှ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးပစ္စည်းများကို လှူဒါန်းခဲ့ရာ မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေး ကော်မတီမှ လက်အိတ် (၃)ဗူးနှင့် Mask (၂၅၀၀) ခု၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ Mask (၁၀၀၀) ခု၊ ပုလဲဖြူ လူမှုကယ်ဆယ်ရေးအဖွဲ့မှ Mask (၅၀၀)ခု၊ သဟဇာတလူငယ်အဖွဲ့မှ Mask (၁၀၀၀)ခု၊ ဦးအောင်ကိုဟိန်းမှ Mask (၁၀၀၀)ခု၊ KSD လူမှုဖွံ့ဖြိုးရေးအဖွဲ့မှ Mask (၁၀၀၀)ခု၊ ဦးအောင်တိုးမှ Mask (၅၀၀)ခု၊ ခရိုင်လျှပ်စစ် ဦးစီးမှူး ဦးတင်မျိုးသန့်မှ Mask (၁၀၀၀)ခုနှင့် စေတနာ့ဝန်ထမ်းများအတွက် တီရှပ်အင်္ကျီ အထည်(၂၀)အတွက် ငွေကျပ် ၁၀၄၀၀၀/- တို့အား ဦးညီညီလွင်မှ လှူဒါန်းခဲ့ကြောင်း သိရှိရသည်။