သတင်းများ

ကဝမြို့နယ်တွင် ငါးမွေးတောင်သူများအား ငါးသားပေါက်များ ထောက်ပံ့ပေးအပ်
Sep 14,2020
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် နိုင်ငံတော်အစိုးရမှ ကိုဗစ်-၁၉ အလွန် ငါးမွေးမြူရေး နှင့် ရေလုပ်ငန်းကဏ္ဍ ပြန်လည်ဦးမော့လာစေရန် ရည်ရွယ်၍ ငါးမွေးတောင်သူများကို ငါးသားပေါက် များ ထောက်ပံ့ပေးအပ်လျက်ရှိရာ ကဝမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ငါးမွေး တောင်သူများထံသို့ ငါးသားပေါက်များ ထောက်ပံ့ပေးအပ်ခြင်းအား ယမန်နေ့က အုန်းနှဲကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့သည်။
၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ကျောက်မဲမြို့နယ်တွင် အထူးရဲ(၁၁၁)ဦး ခန့်အပ်သွားမည်
Sep 14,2020
၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ လုံခြုံစိတ်ချစွာ မဲပေးနိုင်ရေးအတွက် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ် (မိုင်းလုံမြို့၊ မိုင်းငေါ့မြို့အပါအဝင်)တွင် မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်ရန် အထူးရဲ ၁၁၁ ဦး ခန့်အပ်သွားမည်ဖြစ်ကြောင်း သိရသည်။
လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေးအတွက်  ညွှန်ကြား ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရေး အသိပညာပေးလှည့်လည် ဆောင်ရွက်
Sep 14,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် ကိုဗစ်ကာလအတွင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနက
တွန်းဇံ၌ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဆောင်ရွက်
Sep 14,2020
ချင်းပြည်နယ်၊ တွန်းဇံမြို့၌ ၂၀၂၀ ပြည့်နှစ်၊ ယနေ့နံနက် ၈ နာရီအချိန်တွင် ကိုဗစ်-၁၉ ဆိုင်ရာ ကြိုတင် ကာကွယ်ရေး အသိပညာပေး လုပ်ငန်းကို တွန်းဇံမြို့ပေါ်အတွင်း လှည့်လည်ဆောင်ရွက် ပေးလျက်ရှိသည်။
မိုင်းဆတ်မြို့၌ ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန် စေ့စပ် ညှိနှိုင်းရေး ကော်မတီ အစည်းအဝေးကျင်းပ
Sep 14,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန် စေ့စပ်ညှိနှိုင်းရေးကော်မတီ အစည်းအဝေးကို ယမန်နေ့နံနက်(၉)နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်ကျင်းပသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း) နယ်စပ်ဂိတ်များမှ ဝင်ရောက်လာသည့် နေရပ်ပြန် ပြည်သူ(၁၂)ဦးအား မီးရထား ခရီးစဉ်ဖြင့် ဆက်လက်ပို့ဆောင်ပေး
Sep 14,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်း ကော်မတီ၏ ကြီးကြပ် မှုဖြင့် မူဆယ်မြို့ နှင့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့ ၊ ချင်းရွှေဟော်မြို့များရှိ နှစ်နိုင်ငံ နယ်စပ် ဂိတ်များမှတစ်ဆင့် တရုတ်နိုင်ငံမှ ဝင်ရောက်လာသည့် နေရပ်ပြန် ပြည်သူများအား လားရှိုးမြို့ မှ မီးရထားခရီးစဉ်ဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ မေလ(၆)ရက်နေ့မှစတင်ပြီး စနစ် တကျ လွှဲပြောင်းပို့ဆောင် ပေးလျက်ရှိရာ ယနေ့တွင် အမျိုးသား (၉)ဦး ၊ အမျိုးသမီး (၃)ဦး စုစုပေါင်း (၁၂ ) ဦးတို့ကို ထပ်မံပို့ဆောင်ပေးနိုင်ခဲ့ပါသည်။
နမ့်စန်မြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ အစည်းအဝေးကျင်းပ
Sep 14,2020
ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် နမ့်စန်မြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ် ညှိနှိုင်းရေးကော်မတီ အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် မြို့နယ် အခြေခံပညာအထက်တန်းကျောင်း ခန်းမတွင် ကျင်းပခဲ့ရာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးထိုက်မြင့် ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစံသောင်း နှင့် အဖွဲ့ဝင်များ၊ ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီဝင်များနှင့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
မိုင်းဆတ်မြို့၌ ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်ဆင့်ပွားသင်တန်းဖွင့်လှစ်
Sep 14,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် များအား ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်ဆင့်ပွားသင်တန်း ဖွင့်လှစ်ပို့ချခြင်းကို ယနေ့နံနက်(၉)နာရီက မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်ကျင်းပသည်။