သတင်းများ

မင်္ဂလာဒုံမြို့နယ်၌ စက်ရုံအလုပ်သမားများအား ကျန်းမာရေးအသိပညာပေးနှိုးဆော်မှုများ အရှိန်အဟုန် မြှင့်ဆောင်ရွက်
Sep 14,2020
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်သည် Stay at Home အစီအစဉ်တွင် အကျုံးဝင်သည့်မြို့ ဖြစ်သည့်အတွက် မြို့နယ်အတွင်း ရောဂါဆက်လက် မပြန့်ပွားစေရန်နှင့် ထိန်းချုပ်၊ ကာကွယ်နိုင်ရန် အရှိန်အဟုန်မြှင့် လုပ်ဆောင်လျက်ရှိသည်။
ကိုဗစ်-၁၉ကာလအတွင်း စီးပွားရေးကုစားမှု(CERP) အစီအစဉ်အရ မအူပင်ခရိုင်အတွင်းရှိ ဘိုးဘွားရိပ်သာများနှင့် ပရဟိတ ဂေဟာများအား ထောက်ပံငွေပေးအပ်
Sep 14,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်တွင် ကိုဗစ်-၁၉ ကာလအတွင်း အလုပ်အကိုင် အခွင့်အလမ်းများ ရှားပါးချိန်တွင် လူမှုဘဝတိုးတက် မြင့်မားရေးအတွက် မအူပင်ခရိုင်အတွင်းရှိ ဘိုးဘွားရိပ်သာနှင့် ပရဟိတဂေဟာများတွင် မှီခိုနေထိုင်သည့် အဘိုးအဘွားများအား ထောက်ပံငွေ ပေးအပ်ပွဲကို မအူပင်ခရိုင် လူမှုဝန်ထမ်းရုံးခန်းမတွင် ယနေ့ နံနက် ၁၀ နာရီကကျင်းပသည်။
မတ္တရာမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ Mask Campaign ပြုလုပ်
Sep 14,2020
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်တွင် ကိုဗစ် − ၁၉ ရောဂါ ကြို တင်ကာကွယ်နိုင်ရေးအတွက်  Mask Campaign ပြုလုပ်ခြင်းကို ယနေ့နံနက် ၈နာရီက ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ ပျံကျစျေးတွင် ဆောင်ရွက်ခဲ့သည်။
မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား မျိုးကွဲပယ်စရိတ်နှင့် မျိုးသန့်စင်ခ (ဒုတိယအကြိမ်) ထောက်ပံ့ပေးအပ်
Sep 14,2020
နွားထိုးကြီးမြို့၊စိုက်ပျိုးရေးဦးစီးဌာန မြို့မ-KCစင်တာတွင် ကိုဗစ်-၁၉ ကာလစီးပွားရေးကုစားမှု အစီအစဉ်ဖြင့် ၂၀၁၉-၂၀၂၀ ခုနှစ် မိုစပါးမျိုးစေ့ထုတ် လုပ်ငန်း ဆောင်ရွက်သည့် တောင်သူ ၉ ဦး တို့အား မျိုးကွဲပယ်စရိတ်နှင့်မျိုးသန့်စင်ခ ထောက်ပံ့ ပေးအပ်ပွဲကို ယနေ့၊နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
သင်္ဃန်းကျွန်းမြို့နယ်တွင် Quarantine centre ယာယီအဆောက်အဦ ဆောက်လုပ်လျက်ရှိရာသို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုးရေးရှင်း သင်္ဃန်းကျွန်းမြို့နယ်မှလျှပ်စစ်မီး အဆင်ပြေစေရေး ကြိုးပမ်းဆောင်ရွက်
Sep 14,2020
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏအမျိုးသားဘောလုံး အကယ်ဒမီ (ရန်ကုန်) မြက်ခင်းတုဘောလုံးကွင်းဝင်းအတွင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန၏ လမ်းညွှန်မှုဖြင့် ဆေးတက္ကသိုလ်(၁)ပါမောက္ခချုပ် ဒေါက်တာဇော်ဝေစိုး ဦးဆောင်ကာ Quarantine ဝင်ရောက်သူများအား ထားရှိနိုင်ရန်အတွက် ယာယီအဆောက်အဦ တစ်လုံး လျှင်လူ(၁၀၀)ဦး၊ Quarantine ဝင်ရောက်နေထိုင်နိုင်မည့် ယာယီအဆောက်အဦ(၂)လုံးကို CNC ကုမ္ပဏီမှ(၅)ရက်အတွင်း အပြီးတည်ဆောက်မည်ဖြစ်ပြီး လူ (၄၀၀) ဦးခန့်ထားနိုင်မည့် ယာယီအဆောက်အဦ Quarantine Center များကိုလည်း ဆက်လက် ဆောက်လုပ်သွား မည်ဖြစ်သည်။
ကျောက်ဆည်ဘူတာတွင် ခရီးသွားပြည်သူ(၁၇)ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး စနစ်တကျ စိစစ် ဆောင်ရွက်
Sep 14,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ဘူတာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အတွက် ရန်ကုန်-မန္တလေး(အဆန်-၃)ရထားဖြင့် လိုက်ပါလာသည့် ခရီးသွားပြည်သူ(၁၇)ဦးအား ယနေ့ နံနက် (၉)နာရီခွဲ အချိန်က စနစ်တကျစိစစ်ပြီး သက်ဆိုင်ရာ နေရပ်များသို့ ရောက်ရှိရေး တာဝန်ရှိသူများနှင့် ချိတ်ဆက်ကာ အပ်နှံပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ကျောက်ကြီးမြို့နယ်၌ ရပ်/ကျေးအုပ်စုများသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လှုံ့ဆော်ရာတွင် အသုံးပြုရန် Hand Speaker နှင့် ပြည်သူများသို့ ပန်ကြားချက်အသံဖိုင်ပါ USB Stick များ စီစဉ်ထုတ်ပေး
Sep 14,2020
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ် အထွေအထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ ကျောက်ကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာအုပ်စုများအား မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေး ပေါ်တုံ့ပြန်ရေးကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လှုံ့ဆော်ရာတွင် အသုံးပြုရန် Hand Speaker နှင့် ပြည်သူများသို့ ပန်ကြားချက်အသံဖိုင်ပါ Stick များကို စက်တင်ဘာလ(၁၂)ရက် ညနေပိုင်းနှင့် စက်တင်ဘာလ(၁၃)ရက်နံနက်ပိုင်းတို့၌ ထုတ်ပေးလျက်ရှိသည်။
လယ်ဝေးမြို့နယ်အတွင်း (၈၅)နှစ်အထက် ဘိုးဘွားများအား ထောက်ပံ့ငွေများ အိမ်တိုင်ရာရောက်ပေးအပ်
Sep 14,2020
ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် ဘိုးဘွားများအား ယမန်နေ့မှစ၍ ထောက်ပံ့ငွေများ ပေးအပ်လျက်ရှိကြောင်း သိရသည်။