သတင်းများ

ရေနံချောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေး ၂၄ နာရီ မြို့အဝင်အထွက်ဂိတ်များ စတင်ဖွင့်လှစ်စစ်ဆေး
Sep 14,2020
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေး မြို့အဝင် အထွက် ဂိတ်များကို ယနေ့နံနက်ပိုင်းက စတင်၍ ၂၄ နာရီဖွင့်လှစ်ကာ ခရီးသွားပြည်သူများအား ကိုယ်အပူချိန်တိုင်း တာ ခြင်း၊ ခရီးသွားရာဇဝင်များမေးမြန်းမှတ်တမ်းတင်ခြင်း၊ Mask တပ်ဆင်စေခြင်း၊ လက်သန့်ဆေးရည်ဖြင့် လက်ဆေး စေခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သဲကုန်းမြို့နယ်၊ ဆင်မြီးဆွဲတိုက်နယ်၊ ကျေးရွာ(၅)ရွာတွင် (NEP)အစီအစဉ်ဖြင့် လျှပ်စစ်မီးလင်း
Sep 14,2020
နိုင်ငံတော်အစိုးရမှ ကမ္ဘာ့ဘဏ်ချေးငွေဖြင့် လျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်း(NEP)အစီ အစဉ်ဖြင့် တစ်နိုင်ငံလုံးတွင် (၂)မိုင်အတွင်းရှိ ကျေးရွာများ မီးလင်းနိုင်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိရာ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင်လည်း (၂)မိုင်အတွင်းရှိ ကျေးရွာ (၁၂၆)ရွာအား ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလကုန်တွင် မီးလင်းနိုင်ရေး ကြိုးစား ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
မိုင်းစံမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် စျေးဆိုင်ခန်း ပိုင်ရှင်များနှင့် တွေ့ဆုံဆွေးနွေး
Sep 14,2020
ရှမ်းပြည်နယ် တောင်ပိုင်း မိုင်းစံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ပတ်သက်၍ စျေးဆိုင်ခန်းပိုင်ရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်းများကို ယနေ့ နံနက် ၁၁ နာရီ အချိန်က ရပ်ကွက်(၁) အုပ်ချုပ်ရေးမှူးအိမ်တွင် ဆောင်ရွက်ခဲ့သည်။
တာလေမြို့၌ ခရီးသွားပြည်သူများ ခရီးသွားထောက်ခံချက်ပါ မပါ စစ်ဆေးခြင်း၊ ခရီးသွား ရာဇဝင် ကောက် ယူခြင်း၊ ကိုယ်အပူချိန်တိုင်းခြင်းနှင့် Mask တပ်ဆင်သွားလာ ခြင်း ရှိ/မရှိ စစ်ဆေးခြင်းများ ဆက်လက် ဆောင်ရွက်
Sep 14,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ် - ကျိုင်းတုံ ပြည်ထောင်စုလမ်းမပေါ်ရှိ တာလေမြို့၌ ခရီးသွား ပြည်သူ များအား ခရီးသွားထောက်ခံချက် ပါ မပါ စစ်ဆေးခြင်း ၊ ခရီးသွားရာဇဝင်ကောက်ယူခြင်း၊ ကိုယ်အပူချိန် တိုင်းတာ ခြင်းနှင့် Mask တပ်ဆင်သွားလာခြင်း ရှိ မရှိ စစ်ဆေးခြင်းလုပ်ငန်းများကို တာလေတံတားထိပ်တွင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး နှင့်စစ်ဆေးရေး ဂိတ်ဖွင့်လှစ်ပြီး စက်တင်ဘာလ ၁၀ ရက်နေ့မှစတင်၍ ပူးပေါင်း အဖွဲ့ဖြင့်နေ့စဉ် ဆောင်ရွက်လျက်ရှိသည်။
ရန်ကုန်(သုဝဏ္ဏ) ကိုဗစ်-၁၉ ရောဂါ ကုသရေးဌာနတွင် အားဖြည့်ကူညီ တာဝန်ထမ်းဆောင်ရန်အတွက် မကွေးတိုင်းဒေသကြီးမှ ကျန်းမာရေးသူရဲကောင်း သူနာပြု/ အထက်တန်းသူနာပြု (၁၉) ဦးတို့ သွားရောက်
Sep 14,2020
ရန်ကုန်(သုဝဏ္ဏ) ကိုဗစ်-၁၉ ရောဂါ ကုသရေးဌာနတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများတွင် အားဖြည့် ကူညီ တာဝန်ထမ်းဆောင်ဖို့အတွက် မကွေးတိုင်းဒေသကြီး မကွေး၊ မင်းဘူး၊ ပခုက္ကူ၊ ဂန့်ဂေါ ခရိုင်များမှ ကျန်းမာရေးသူရဲကောင်း သူနာပြု/ အထက်တန်းသူနာပြု (၁၉) ဦးတို့သည် ယနေ့ နံနက်ပိုင်းက သွားရောက်နေပါပြီဖြစ်ကြောင်း မကွေးတိုင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန တိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းလှိုင် ထံက သိရသည်။
ပေါင်းတည်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် စစ်ဆေးရေးဂိတ် ဖွင့်လှစ်ခြင်းနှင့် ညမထွက်ရအမိန့် လိုက်နာခြင်းရှိ/မရှိ စစ်ဆေးဆောင်ရွက်
Sep 14,2020
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသည် စက်တင်ဘာလ(၆)ရက်မှစတင်၍ မြို့နယ်အတွင်း ဖြတ်သန်း သွားလာလျက်ရှိသည့် မော်တော်ယာဉ်များအား အသွားအလာစစ်ဆေးခြင်း၊ နေရပ်ပြန်သူ ခရီးသွားများ အား ကျန်းမာရေးစစ်ဆေးခြင်း၊ အပူချိန်တိုင်းတာခြင်း၊ ခရီးသွားမှတ်တမ်းရယူခြင်းများအပြင် လိုအပ်ပါ က Home Quarantine နှင့် Faciliity Quarantine စောင့်ကြည့်ရေးစင်တာတို့တွင် ရောဂါကာကွယ် ထိန်းချုပ်ရေးအတွက် ထားရှိခြင်း၊ အပြင်ထွက်ရှိတိုင်း Mask နှာခေါင်းစည်းအား မဖြစ်မနေတပ်ဆင် သွားလာ ကြရေးအတွက် အလေးထား၍ အရှိန်အဟုန်မြှင့်ကာ ကြပ်မတ်စစ်ဆေးဆောင်ရွက်လျက်ရှိ ကြောင်း အဆိုပါ ကော်မတီထံမှ သိရသည်။
မြို့လှ၌ ကိုဗစ်−၁၉ ကာလအတွင်း ကိုယ်ဝန်ဆောင်မိခင်များအား ထောက်ပံ့ငွေပေးအပ်
Sep 14,2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မြို့လှမြို့​ပေါ်ရပ်ကွက်များရှိ ကိုယ်ဝန်ဆောင်မိခင်များ အတွက် ကိုဗစ်−၁၉ ကာလအတွင်း ကိုယ်ဝန်ဆောင် မိခင်များအား တစ်ဦးလျှင်ထောက်ပံ့​ငွေကျပ် (၃၀၀၀ဝိ/)နှုန်းဖြင့်် ထောက်ပံ့ပေးအပ်ခြင်းကို ယ နေ့ နံနက် ၁၁ နာရီတွင် ကိုယ်ဝန်ဆောင် များ၏ နေအိမ်သို့အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ ကြောင်းသိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဖောင်းပြင်မြို့တွင် ရောဂါပိုးတွေ့ရှိရာ တိုင်းဒေသကြီး၊ ပြည်နယ် အသီး သီးမှ ပြန်ရောက်လာသူ ၁၁ ဦးကို ကိုဗစ်- ၁၉ ရောဂါ လက္ခဏာ စောင့်ကြည်နိုင်ရန် Quarantine Centre ၌ ၁၄ ရက်ထားရှိ
Sep 14,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်တားဆီးရေးကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ပြည်ပမှ ပြန်လည်ရောက်ရှိလာသူများနှင့် ပြည်တွင်းတွင် ရောဂါပိုးတွေ့ရှိရာ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှ ပြန်လည်ရောက်ရှိလာ သူများကို ရောဂါပိုးများ ပါရှိလာခြင်းရှိမရှိ ၁၄ ရက်စောင့်ကြည့် နိုင်ရန်အတွက် ဖောင်းပြင်မြို့ အ-ထ-က ကျောင်း၌ သီးခြားစောင့်ကြည့်ရေးစင်တာကို ဖွင့်လှစ်ထားရှိသည်။