သတင်းများ

ကချင်ပြည်နယ်အတွင်းရှိ ရဲမှုထမ်းဟောင်းများအား ခရိုင်/ မြို့နယ်အလိုက် အခြေခံ စားသောက်ကုန်များ ထောက်ပံ့ပေးအပ်
Sep 15,2020
ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး၏ အစီအစဉ်ဖြင့် အောက်တိုဘာလ (၁) ရက်နေ့တွင် ကျရောက်မည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်နယ်အတွင်းရှိ ရဲမှုထမ်းဟောင်း (၁၆၇)ဦးတို့အတွက် ငွေကျပ်တန်ဖိုး (၃,၂၃၀,၃၀၀) ရှိ အခြေခံစားသောက်ကုန်များကို ယနေ့နံနက် (၁၀) နာရီတွင် ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးအပါအဝင် ခရိုင်နှင့် မြို့နယ်များအလိုက် တစ်ပြိုင်နက်တည်း ထောက်ပံပေးအပ်ခဲ့‌‌ကြကြောင်း သိရှိရသည်။
ရပ်စောက်မြို့နယ်၌ ရွေးကောက်ပွဲဆိုင်ရာစေ့စပ်ညှိနှိုင်းရေးကော်မတီ အစည်းအဝေးကျင်းပ
Sep 15,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၏ ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီအစည်းအဝေးကို ယနေ့ နံနက် (၁၀)နာရီ က ရွက်စိမ်းတည်းခိုရိပ်သာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အောင်လံမြို့တွင် ညမထွက်ရအမိန့်ထုတ်ပြန်ခြင်းအား မြို့တွင်းလှည့်လည်ကြေညာ
Sep 15,2020
မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့တွင် ကိုဗစ်−၁၉ရောဂါကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်၍ ရောဂါ ကူးစက်မှုကို ထိန်းချုပ်နိုင်ရန်အတွက် ညမထွက်ရအမိန့် နှိုးဆော်ခြင်းကို မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအားလုံးတွင် ယမန်နေ့ညက လိုက်လံနှိုးဆော်ခဲ့ကြောင်းသိရ သည်။
သိန္နီမြို့နယ်တွင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲများ ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်ဆင့်ပွားသင်တန်းပို့ချ
Sep 15,2020
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ သိန္နီမြို့ အောင်မင်္ဂလာခန်းမ၌ ယနေ့နံနက် (၁၁) နာရီအချိန်ခန့် က မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာ၀န်ရှိပုဂ္ဂိုလ်များ က ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများအား ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်ဆင့်ပွားသင်တန်းပို့ချသည်။
ရေနံချောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး ညမထွက်ရအမိန့်ထုတ်ပြန်
Sep 15,2020
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှု မရှိစေရေးနှင့် အချိန်မီ ထိန်းချုပ်နိုင်ရေးအတွက် ယနေ့မှ စတင်ကာ ညမထွက်ရအမိန့် ထုတ်ပြန်ထား ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
တံတားဦးမြို့တွင် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးမည်
Sep 15,2020
ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်တွင် အမျိုးသမီးများ၌ ဒုတိယဖြစ်ပွားမှု အများဆုံးရောဂါဖြစ်သည့် သားအိမ်ခေါင်းကင်ဆာရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကာကွယ်ဆေးကို အခမဲ့ထိုးနှံပေးမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ကျောက်တလုံးကြီးမြို့ ကက္ကူကျေးရွာအုပ်စုတွင် မိုးစပါးမျိုးစေ့ထုတ်စိုက်ကွင်းများ မျိုးကွဲပယ်ခြင်း၊ ပေါင်းနုတ်ခြင်းနှင့် ပိုးမွှားကျရောက်မှု ရှိ ၊ မရှိ ဒုတိယအကြိမ် ကွင်းဆင်းစစ်ဆေး
Sep 15,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့အတွင်း မိုးစပါးမျိုးစေ့ထုတ် စိုက်ကွင်းတွင်မျိုးကွဲပယ်ခြင်း၊ ပေါင်းနှုတ်ခြင်းနှင့် ပိုးမွှားကျရောက်မှု ရှိ၊ မရှိ စစ်ဆေးခြင်းကို ကျောက်တလုံးကြီးမြို့၊ စိုက်ပျိုးရေးဦးစီးဌာနမှ ယနေ့နံနက် ၈ နာရီခန့် က ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သပိတ်ကျင်းမြို့နယ်တွင် ကိုဗစ် − ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေးခြင်းနှင့် Mask များဖြန့်ဝေ
Sep 15,2020
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်တွင် ကိုဗစ် − ၁၉ ရောဂါ ကြိုတင် ကာကွယ်နှင့် ထိန်းချုပ်နိုင်ရေးအတွက် သပိတ်ကျင်းမြို့နယ်အတွင်းရှိ ကျေးရွာနေပြည်သူများအား အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းများ ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။