သတင်းများ

ကမမောင်းမြို့၌ နှာခေါင်းစည်း (Mask) မတပ်ဆင်ဘဲ အပြင်ထွက်သွားလာသူများအား (Mask) ချက်ချင်းဝယ်၊ ချက်ချင်းတပ်စနစ်ဖြင့် ပညာပေးဆောင်ရွက်
Sep 14,2020
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့ သံလွင်ဦးစျေးပတ်ဝန်းကျင်ရှိလမ်းမကြီးပေါ်တွင် နှာခေါင်စည်း (Mask) မတပ်ဆင်ပဲလမ်းမပေါ်တွင် သွားလာနေကြသူများအား နှာခေါင်းစည်း(Mask)အား ချက်ချင်းဝယ်ယူ၊ ချက်ချင်းတပ်စေခြင်းဖြင့် ပညာပေးခြင်းကို ယနေ့နံနက် (၇) နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
မတူပီမြို့၌ ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း ဖွင့်လှစ်နိုင်ရေးအတွက် ကြိုတင်ညှိနှိုင်းအစည်းအဝေးကျင်းပ
Sep 14,2020
ချင်းပြည်နယ်၊ မတူပီမြို့၌ ရပ်ကွက်/ကျေးရွာအုပ်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း ဖွင့်လှစ်နိုင်ရေး အတွက် ကြိုတင်ညှိနှိုင်းအစည်း အဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံး၌ ကျင်းပခဲ့ကြောင်းသိရသည်။
ရေးမြို့နယ်၌ နှာခေါင်းစည်းများ တပ်ဆင်အသုံးပြုရေး အခမဲ့ဖြန့်ဝေခြင်းနှင့် Mask ကမ်ပိန်း ပြုလုပ်
Sep 14,2020
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု မဖြစ်ပွါးစေရေးအတွက် ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ပိုင်းက ရေးမြို့ ရန်ကြီးအောင်ရပ်ကွက်ရှိ ဗိုလ်ချုပ်လမ်းမ၊ ကမ်းနားလမ်း မြသီ တာဈေး အတွင်းအပြင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအရှေ့ရှိ သွားလာနေသော ပြည်သူ များနှင့် ဈေးဝယ်လာသူ များအား နှာခေါင်းစည်း တပ်ဆင်အသုံးပြုရေး အခမဲ့ဖြန့် ဝေခြင်းနှင့် Mask ကမ်ပိန်း ပြုလုပ်ဆောင် ရွက်ခဲ့ကြောင်း သိရသည်။
လက်ပံတန်းမြို့နယ်တွင် ကိုဗစ်−၁၉ စီးပွားရေးကုစားမှု (CERP) အစီအစဉ်အရ မိုးစပါး မျိုးစေ့ထုတ် လုပ်ငန်း အတွက် (ဒုတိယ)အကြိမ် ထောက်ပံ့ ငွေပေးအပ်ပွဲကျင်းပ
Sep 14,2020
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ကိုဗစ်−၁၉ စီးပွားရေး ကုစားမှု COVID-19 Economic Relief Plan (CERP)အစီအစဉ်အရ  မိုးစပါးမျိုးစေ့ ထုတ်လုပ်ငန်း အတွက်
အိမ်မဲမြို့နယ်ကျေးရွာ (၉၇)အုပ်စုအတွက်မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ နှာခေါင်းစည်း ၃၀၀၀၀ လှူဒါန်း
Sep 14,2020
ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်တွင် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီမှ မြို့နယ်အတွင်း ကျေးရွာအုပ်စု(၉၇)အုပ်စုအတွက် နှာခေါင်းစည်း ၃၀၀၀၀ကို လှူဒါန်းပေးခဲ့ကြောင်း သိရသည်။”အိမ်မဲမြို့နယ်မှာ ကျေးရွာအုပ်စု(၉၇)အုပ်စု၊ ရပ်ကွက်(၅)ရပ်ကွက်နဲ့ ကျေးရွာပေါင်း(၅၀၅)ရွာက ပြည်သူတွေ ကိုဗစ်(၁၉)ရောဂါ ကူးစက်ခြင်းမှကာကွယ်ရန် မြို့နယ်ကိုဗစ်(၁၉) ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီကနေပြီးတော့ နှာခေါင်းစည်းအခု ၃၀၀၀၀ လှူဒါန်းပေးတာပါ။ ခုလှူဒါန်းပေးနေတာကတော့ မြို့ပေါ်က လမ်းသွားလမ်းလာတွေကို လှူဒါန်းပေးနေတာပါ။ ကျေးရွာကပြည်သူတွေအတွက် သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက တစ်ဆင့်လှူဒါန်းပေးပါတယ်” လို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမင်းသူက ပြောသည်။
သန်လျင်၌ ပြည်သူများ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေးအတွက် ပါးစပ်နှာခေါင်းစည်း Mask ၁၁၀ အခမဲ့ဖြန့်ဝေ
Sep 14,2020
ပြည်သူများ ကိုရိုနာဗိုင်းရပ်စ် ကိုဗစ်- ၁၉ ရောဂါ ဖြစ်ပွားမှုမှကာကွယ်နိုင်ရန်အတွက် ရန်ကုန် တိုင်းဒေသကြီး၊ သန်လျင်မြို့နယ် လူစည်ကားရာနေရာများတွင် ကျန်းမာရေးအသိ ပညာပေး ခြင်းနှင့် ပါးစပ်နှာခေါင်းစည်း (Mask) ၁၁၀ အခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့ နံနက် ၇ နာရီက သန်လျင်- သီလဝါသွား ကျိုက်ခေါက်ဘုရား လမ်းမကြီး၌ ပြုလုပ်ခဲ့ ကြောင်း သိရသည်။
ကလေးခရိုင် မင်းကင်းမြို့တွင် ခရီးသွားပြည်သူများအား Maskများ အခမဲ့ဖြန့်ဝေခြင်းနှင့် ခရီး သွား မှတ်တမ်းများ စနစ်တကျ ရယူခြင်း ဆောင်ရွက်
Sep 14,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့တွင် မြို့နယ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌဦးဆန်းဗိုလ်ဦးဆောင်သောအဖွဲ့နှင့် ချမ်းမြေ့စည် သာသနာ့ ရိပ်သာ ဆရာတော်ဥူးဇောတိကဓမ္မရံသီတို့က ခရီးသွား ပြည်သူများ အား Maskများ အခမဲ့ဖြန့်ဝေခြင်းနှင့် ခရီးသွားမှတ်တမ်းများရယူခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။
မိုင်းပန်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်နိုင်ရေး ကွင်းဆင်းဆောင်ရွက်
Sep 14,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဦးဆောင်၍ ယနေ့နံနက်(၆) နာရီအချိန်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်အတွင်းနေ ပြည်သူများအနေဖြင့် နေအိမ်ပြင်ပမှ ထွက်ခွာလာပြီး နှာခေါင်းစည်း (Mask) မတပ်ဆင်သူများအား "ချက်ခြင်းဝယ် ချက်ခြင်းတပ်" စနစ်ဖြင့် နှာခေါင်းစည်း (Mask) များ ဝယ်ယူစေခြင်းကို Campaign အသွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။