ကော့ကရိတ် စက်တင်ဘာ ၁၄
ကော့ကရိတ်မြို့တွင် Mask ကမ်ပိန်း ဆောင်ရွက်ခြင်းများကို စက်တင်ဘာလ ၅ ရက်နေ့မှ စတင်၍ ယမန်နေ့အထိ ဆောင်ရွက်ခဲ့ရာ ပြည်သူများသို့ အခမဲ့ဖြန့်ဝေနိုင်ရေးအတွက် မြို့ပေါ်ရှိ စေတနာရှင်အလှူရှင်များမှ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးပစ္စည်းများကို လှူဒါန်းခဲ့ရာ မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေး ကော်မတီမှ လက်အိတ် (၃)ဗူးနှင့် Mask (၂၅၀၀) ခု၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ Mask (၁၀၀၀) ခု၊ ပုလဲဖြူ လူမှုကယ်ဆယ်ရေးအဖွဲ့မှ Mask (၅၀၀)ခု၊ သဟဇာတလူငယ်အဖွဲ့မှ Mask (၁၀၀၀)ခု၊ ဦးအောင်ကိုဟိန်းမှ Mask (၁၀၀၀)ခု၊ KSD လူမှုဖွံ့ဖြိုးရေးအဖွဲ့မှ Mask (၁၀၀၀)ခု၊ ဦးအောင်တိုးမှ Mask (၅၀၀)ခု၊ ခရိုင်လျှပ်စစ် ဦးစီးမှူး ဦးတင်မျိုးသန့်မှ Mask (၁၀၀၀)ခုနှင့် စေတနာ့ဝန်ထမ်းများအတွက် တီရှပ်အင်္ကျီ အထည်(၂၀)အတွက် ငွေကျပ် ၁၀၄၀၀၀/- တို့အား ဦးညီညီလွင်မှ လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ကော့ကရိတ်မြို့နယ်မှ အလှူရှင်များ၏ Mask များကို ကော့ကရိတ်မြို့ပေါ်တွင် Mask ကမ်ပိန်းများ ဆောင်ရွက်လျက်ရှိရာ မြို့နယ် ကိုဗစ်-၁၉ ကော်မတီအဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းလူငယ်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့များ၊ သဟဇာတ လူငယ်အဖွဲ့များ၊ KSD အဖွဲ့ဝင်များမှ ပူးပေါင်း၍ ကော့ကရိတ်မြို့ ပေါ်တွင် Mask များကို ပြည်သူများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
ကျော်စိုးလွင် (ခရိုင်-ပြန်/ဆက်)