သတင်းများ

Quarantine Centre (သင်္ဃန်းကျွန်းပညာရေးကောလိပ်) စားသောက်ကုန်ကျစရိတ်များ အတွက် အလှူငွေ ပေးအပ်ပွဲကျင်းပ
Sep 17,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် သုဝဏ္ဏဗဟိုဆောက်လုပ်ရေး သင်တန်းကျောင်းတွင် တိုင်းဒေသကြီးကျန်းမာရေး ဦးစီးဌာနက တာဝန်ယူကျွေးမွေးလျက် ရှိသော Quarantine Centre တစ်ခုဖွင့်လှစ်ထားရှိခဲ့ပြီး ယခုအခါ သင်္ဃန်းကျွန်းမြို့နယ် ကိုဗစ်၁၉ထိန်းချုပ်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီမှ ဦးဆောင်ကာ Quarantine Centre တစ်ခုကို (သင်္ဃန်းကျွန်းပညာရေးကောလိပ်)တွင် ထပ်မံဖွင့်လှစ်ကာ သင်္ဃန်းကျွန်းမြို့နယ်မှ Quarantineဝင်ရောက်‌ နေသူ (၁၀၀) ဦး နှင့် ကူညီဆောင်ရွက်ပေးသူ စေတနာ့ဝန်ထမ်း(၂၀)ဦး စုစုပေါင်းလူဦးရေ (၁၂၀)ဦးအတွက် တစ်ရက်စာ စားသောက်ကုန်ကျစရိတ် (၁) ဦး (၅၀၀၀)ကျပ်နှုန်းဖြင့် တစ်ရက်(၆)သိန်းကျပ်နှုန်း လိုအပ်လျက် ရှိသည်။
ဆွမ်ပရာဘွမ်မြို့နယ်၌ ဆွမ်ပရာဘွမ်မြို့နယ်၌ ကိုဗစ် - ၁၉ ရောဂါကူးစက်ပြန့်ပွားမှုမဖြစ်ပေါ် စေရေး Mask Campaign ဆောင်ရွက်
Sep 17,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်၌ ကိုဗစ် - ၁၉ ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပေါ် စေရေးအတွက် Mask Campaign ကို ယနေ့နံနက် ၁၁ နာရီခန့်က စည်ပင်ဈေးနှင့် ကျန်းမာရေးစစ် ဆေးရေးဂိတ်တွင် မြို့နယ်အဆင့်ကိုဗစ်-၁၉ ကူးစက် ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ ဦးဇာနည်တိုးနှင့် ကော်မတီဝင်များက ဖြန့်ဝေခဲ့သည်။
မင်းကင်းမြို့ Community Based Facility Quarantine Centre များတွင် ထားရှိသော စောင့်ကြည့် လူများ၏ (Swab) ရယူ
Sep 17,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊မင်းကင်းမြို့တွင် ပြည်ပ၊ပြည်တွင်းမှ ပြန်လာသူများ အား သက်ဆိုင်ရာ Community Based Facility Quarantine Centre များတွင် ထားရှိ ပြီး Swab ကို ဒုတိယအသုတ်ရယူ၍ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာ ဌာန (မန္တလေး) သို့ ယမန်နေ့နံနက်ပိုင်းက ပေးပို့ခဲ့ကြောင်းသိရသည်။
ပန်းတနော်မြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နေရပ်ပြန်လာသူများအား စောင့်ကြပ်ကြည့်ရှုခြင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်ပေး
Sep 17,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် နေရပ်ပြန်လာသူများအား စောင့်ကြပ်ကြည့်ရှု စစ်ဆေးရန် အသွားအလာ ကန့်သတ်စောင့်ကြည့်ရေး စင်တာများကို စက်တင်ဘာ ၅ ရက်နေ့မှ စတင်၍ နေ့စဉ် နံနက် ၆ နာရီမှ ညနေ ၄ နာရီအထိ ကျန်းမာ​ရေးစောင့်ရှောက်မှု လုပ်ငန်းများကို ဆောင်ရွက် ပေးလျက်ရှိသည်။
မိုင်းရယ်မြို့နယ် ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများအတွက် ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းဖွင့်လှစ်
Sep 17,2020
လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ် ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများအတွက် ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းကို ယနေ့နံနက် (၉)နာရီ က မိုင်းရယ်မြို့၊ ပြည်ထောင်စု ခန်းမတွင် ဖွင့်လှစ်သည်။
လဲချားမြို့တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ စားသောက်ကုန်များ လှူဒါန်း
Sep 17,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သန်းလှိုင် မှ စားသောက်ကုန်များ လှူဒါန်းခြင်းကို ယနေ့မွန်းလွဲ (၁:၃၀)အချိန် က လာရောက်လှူဒါန်းခဲ့သည်။
ဖောင်းပြင်မြို့နယ်၊ ကုန်းကြီးကျေးရွာတွင် မြစိမ်းရောင်စီမံကိန်း ပဉ္စမနှစ်စက်ဝန်း ချေးငွေများ ထုတ်ချေး
Sep 17,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ကုန်းကြီးကျေးရွာတွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်းကို
မအူပင်မြို့တွင် စားသောက်ဆိုင်နှင့် လ္ဘက်ရည်ဆိုင်များတွင် ပါဆယ်စနစ်ဖြင့် ရောင်းချခြင်း ရှိ/ မရှိ ကွင်းဆင်းစစ်ဆေး
Sep 17,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ် နိုင်ရေးအတွက် စားသောက်ဆိုင်နှင့် လ္ဘက်ရည်ဆိုင်များတွင် ပါဆယ်စနစ်ဖြင့် ရောင်းချခြင်း ရှိ/မရှိကို ယနေ့နံနက် ၁၀ နာရီက ကွင်းဆင်း ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။