သတင်းများ

ကျိုင်းတုံမြို့၌ ရွေးကောက်ပွဲဆိုင်ရာစွမ်းရည်မြှင့် ဆင့်ပွားသင်တန်းဖွင့်လှစ်
Sep 17,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ စွမ်းရည်မြှင့်သင်တန်းကို အမှတ်(၂)အခြေခံပညာအထက်တန်း ကျောင်း၊ သံလွင်ခန်းမ၌ ယနေ့နံနက် ၉ နာရီ က စတင်ဖွင့်လှစ်သည်။
ပုလောမြို့နယ်အတွင်းရှိ မသန်စွမ်းသူ (၅၉၈) ဦးနှင့် အသက် (၈၅) နှစ်နှင့်အထက် ဘိုးဘွား (၅၄၇) ဦးအတွက် ထောက်ပံ့ငွေများပေးအပ်
Sep 17,2020
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများမှ မသန်စွမ်းသူများနှင့် အသက် (၈၅) နှစ်နှင့်အထက် ဘိုးဘွားများအတွက် ထောက်ပံ့ငွေများကို ယမန်နေ့နံနက် (၁၁) နာရီက ပုလောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ထောက်ပံ့ပေးအပ်ခဲ့သည်။
ဝက်လက်မြို့၌ မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီလုပ်ငန်းညှိနှိုင်း အစည်း အဝေးကျင်းပ
Sep 17,2020
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့၌ မြို့နယ်အဆင့် ကိုဗစ် ၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီက ယမန်နေ့ ညနေ ၃ နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
နိုင်ငံတော်မှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအတွက် တတိယအကြိမ်မြောက် ငွေကြေးထောက်ပံ့ရန် သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများသို့ ထောက်ပံ့​ကြေးငွေများလွှဲပြောင်း ပေးအပ်
Sep 17,2020
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင် နိုင်ငံတော်မှ ပုံမှန် ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် ပေးအပ်သော ထောက်ပံ့ကြေးငွေ (တတိယအကြိမ်) မြောက်အား ယမန်နေ့ ညနေ(၅)နာရီအချိန်က ပြည်သူများ လက်ဝယ်အရောက်​ပေးပို့ နိုင်ရေး သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများထံသို့ လွှဲပြောင်းပေး အပ် ခဲ့ကြောင်း သိရသည်။
မတူပီမြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်
Sep 17,2020
ချင်းပြည်နယ်၊ မတူပီမြို့တွင် ကိုဗစ်−၁၉ရောဂါ တာဆီးကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေး လုပ်ငန်းများနှင့် သဘာဝဘေးအန္တရာယ် အသိပညာပေး လုပ်ငန်းများကို ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ့မှု ဦးစီးဌာနနှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးတို့က စက်တင်ဘာလ (၁၀) ရက်နေ့မှ စတင်၍ မတူပီမြို့ရှိ ရပ်ကွက် (၄)ရပ်ကွက်နှင့် ကျေးရွာများ၌ အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုင်းယောင်းမြို့၌ ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့် ဆင့်ပွားသင်တန်းဖွင့်လှစ်
Sep 17,2020
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများအတွက် ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့် ဆင့်ပွားသင်တန်းကို ယနေ့နံနက် ၈ နာရီခွဲခန့် က အမှတ်(၄)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။
ဗန်းမောက်မြို့ မြနန္ဒာရပ်ကွက် ဝင်္ကပါလမ်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ၈၀ ရာခိုင်နှုန်းပြီးစီး
Sep 17,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ် စည်ပင်သာယာရေးမှကော်မတီမှ တင်ဒါ အောင် မြင်သောကုမ္ပဏီက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း မြနန္ဒာရပ်ကွက်အတွင်းရှိ ဝင်္ကပါလမ်းကွန်ကရစ်လမ်း ခင်းခြင်းလုင်ငန်းကို ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ဒဂုံမြို့နယ်၌ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုး ဘွား(၈)ဦးတို့အား လူမှုရေးပင်စင် အိမ်တိုင်ရာရောက် ဆက်လက်ပေးအပ်
Sep 17,2020
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်ဘုရားကြီး ရပ်ကွက်၌ (၂၀၁၉-၂၀၂၀) ဘဏ္ဍာရေးနှစ်ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာလများအတွက် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေပေးအပ်ရာတွင် ကျန်ရှိသည့် ဘိုး၊ ဘွား(၈)ဦး တို့အား အိမ်တိုင်ရာရောက် ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီက သက်ကြီးဘိုးဘွားတစ်ဦးချင်းအလိုက် ရပ်ကွက်အုပ်ချုပ်ရေး မှူး ဒေါ်ခင်သွယ်သွယ်ထွဋ်က လိုက်လံပေးအပ်ကြောင်း သိရသည်။