ဒလမြို့နယ်၌ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု ၃၅၁၃၇ စုအတွက် ထောက်ပံ့ငွေကျပ် ၇၀၂၇၄၀၀၀၀ ပေးအပ်
Sep 17,2020
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ နိုင်ငံတော်အစိုးရက ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား တစ်အိမ်ထောင်စုလျှင် ငွေကျပ် ၂၀၀၀၀ ကို ထောက်ပံ့ ပေးအပ်လျက်ရှိရာ တတိယအကြိမ်မြောက် ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲ အချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သီရီဇေယျနော်ရထာခန်းမတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှုများနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။