မအူပင် စက်တင်ဘာ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ် နိုင်ရေးအတွက် စားသောက်ဆိုင်နှင့် လ္ဘက်ရည်ဆိုင်များတွင် ပါဆယ်စနစ်ဖြင့် ရောင်းချခြင်း ရှိ/မရှိကို ယနေ့နံနက် ၁၀ နာရီက ကွင်းဆင်း ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် တိုင်းဒေသကြီး ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ကုသရေး ကော်မတီ၏ ကြေညာချက် ထုတ်ပြန်ထားသည့် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ဖွင့်လှစ်ရောင်းချ လျက်ရှိသည့် စားသောက်ဆိုင်နှင့် လ္ဘက်ရည်များအား နံနက် ၆ နာရီမှ ည ၈ နာရီအထိ ဖွင့်လှစ်ရောင်းချရန်နှင့် ရောင်းချခြင်းအား ပါဆယ်စနစ်ဖြင့်သာ ရောင်းချသွားရန်နှင့် ရောင်းချသည့် ဆိုင်များအနေဖြင့် စားသောက်ကုန်များအား သန့်ရှင်းစွာထားမှု ရှိ/မရှိကို မြို့နယ် စည်ပင်သာယာရေး အဖွဲ့ဦးစီးအရာရှိ ဦးစောဟိန်းဇာအောင်နှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အထောက်အကူ ဖြစ်စေရန်နှင့် လူစုလူဝေး ဖြစ်မပေါ်စေရန်အတွက် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များတွင် ပါဆယ်စနစ်ဖြင့် ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း၊ အသိပညာပေးခြင်း ဆောင်ရွက်ခဲ့ပြီး လိုက်နာမှုမရှိပါက သတ်မှတ်ဥပဒေအရ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေး အဖွဲ့ထံမှ သိရသည်။
အောင်ခိုင်(မအူပင်)