ဆွမ်ပရာဘွမ် စက်တင်ဘာလ ၁၇
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်၌ ကိုဗစ် - ၁၉ ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပေါ် စေရေးအတွက် Mask Campaign ကို ယနေ့နံနက် ၁၁ နာရီခန့်က စည်ပင်ဈေးနှင့် ကျန်းမာရေးစစ် ဆေးရေးဂိတ်တွင် မြို့နယ်အဆင့်ကိုဗစ်-၁၉ ကူးစက် ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ ဦးဇာနည်တိုးနှင့် ကော်မတီဝင်များက ဖြန့်ဝေခဲ့သည်။
Mask Campaign ပြုလုပ်ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပညာပေးစာစောင်များ ဖြန့်ဝေ ပေးခြင်း၊ မလိုအပ်ဘဲ အပြင်မထွက်ကြရန်နှင့် လိုအပ်ချက်အရ အပြင်ထွက်မည် ဆိုပါက Mask တပ်ကြရန်၊ လက်ကိုမကြာခဏ ဆေးကြောကြရန်၊ လူတစ်ဦးနှင်တစ်ဦး (၆) ပေစီခြားနေကြရန်၊ ဈေးရောင်း/ဈေးဝယ်များ Mask၊ Face Shield များတပ်ကြရန်၊ လူစုလူဝေးဖြင့် အခမ်းအနားများကျင်းပခြင်း မပြုလုပ်ရန်၊ ခရီးသွားပြည်သူများ အနေဖြင့် Mask၊ Face Shield များ တပ်ကြရန်နှင့် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သည့် လိုက်နာရမည့်အချက်များကို ပြည်သူများအားအသံချဲ့စက်ဖြင့် အသိပညာပေးဖြန့်ဝေခဲ့ကြောင်း သိရသည်။
ကုဋေ (ဆွမ်ပရာဘွမ်)